ကျွန်တော်ကတော့သီတင်းကျွတ်မှာဘယ်မှမရောက်ပါဘူး
ကျွန်တော်တို့ရပ်ကွက်မှာ အလှူလုပ်ပါတယ်
နှစ်တိုင်းလုပ်ဖြစ်တဲ့အလှူတစ်ခုပါ ပျော်စရာလည်းကောင်းပါတယ် ဈေးရောင်းပွဲတော်လိုပေါ့
မုန့်တွေ ကျွေးကြတာအစုံအလင်ပါဘဲ မုန့်တီကျွေးတဲ့သူကျွှေး ရေခဲမုန့်ကျွေးတဲ့သူကျွေး ဖျော်ရည် တိုက်တဲ့သူတိုက် နဲ့စသည့်ဖြင့် အများကြီးကျွေးပါတယ် ကျွန်တော်တို့မိသားစုကတော့ရေခဲမုန့်ကျွေးပါတယ်
ဒါပေမယ့် စည်ပါတယ် ကလေးတွေနဲ့ ရေခဲမုန့်ကကလေးအကြိုက်ဘဲဆိုတော့
ရေခဲမုန့်နားမှာဘဲ ကလေးတွေက တန်းစီနေကြတာ
ကျွန်တော်လည်း ခြံထဲကပြန်လာနောက်ကျတော့ လပြည့်နေမှာဈေးပိတ်တော့ခြံထဲကိုသွားတယ်လေ
ခြံထဲရောက်တုန်းအမှတ်တရရိုက်ထားတဲ့ပုံတွေပါခင်ဗျာ
ခြံထဲရောက်တုန်းအမှတ်တရရိုက်ထားတဲ့ပုံတွေပါခင်ဗျာ
ဒါကတော ကျွန်တော်တို့ခြံကိုစမြင်ရတဲ့ မြင်ကွင်းပါ အရှေကတစ်တောင်လုံးရာဘာပင်စိုက်ထားပါတယ်
ဒါတော့တောင်ပေါ်ကနေရိုက်ထားတဲ့မြင်ကွင်းပါ အေးချမ်းတယ်နော် 
ခြံထဲကလိပ်လေးပါဗျာ
ကော့သောင်းရောက်တဲ့အခါလာလည်ပေါ့ဗျာ
ဝါးးးးးးအလှူလုပ်တာသိတောင်မသိလိုက်ဘူး သိ၇င်လာစားပါတယ် :P လိပ်ကလေးကချစ်စ၇ာလေး
ReplyDeleteမိဝေးကော့်သောင်းကိုတော့ယောင်မှားပြီးမသွား၇ဲပါ ဟိ (စတာနာ့) အလှူလေးတွက်သာဓုခေါ်ပါတယ်ရှင့် နောက်လည်းဒီထက်မကလှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်၇ှင့်
ရေခဲမုန့်လေး ကျန်သေးလားဟင်.. စားချင်လို့...ရှလွတ်.. :P
ReplyDeleteသာယာလိုက်တာနော် ကော့သောင်းက အဲ့လိုနေရာမျိုးလေးကို သွားလည်ချင်တယ်.. အေးအေးချမ်းချမ်းနဲ့.. :D
ပျော်စရာကြီးပဲနော်....
ReplyDeleteအဲလို မြင်ကွင်းစိမ်းစိမ်းလေးတွေ မြင်ရတာ....
အလှူအတွက်လည်း သာဓုခေါ်ပါတယ်ရှင့်..:)