Loading...
1/4/12

မေတ္တာမွန်ဂိုတောင်ပေါက်ကွဲမှုအရှိန်ကြောင့့်  ၁၂၄လမ်းတွင် နေအိမ်တစ်လုံး ကြမ်းကျွံကျ

ဇန်န၀ါရီ ၄၊ ၂၀၁၂ (YPI)

မေတ္တာမွန်ဂိုတောင်ပေါက်ကွဲမှုအရှိန်ကြောင့် မင်္ဂတောင်ညွန့် ၁၂၄လမ်းတွင်
နေအိမ်တစ်လုံး ကြမ်းကျွံကျ

ယနေ့ နေ့လည် ၁၁နာရီ၁၅ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နုယ် ၁၂၄ လမ်း အိမ်အမှတ်
၂၂  သုံးထပ်တိုက် အပေါ်ဆုံးထပ်ဘယ်ဘက်အခြမ်း မှ နောက်ဖေ့ဘက်
ကြမ်းကျွံကျမှုဖြစ်ပွားခဲ့သည်။

“ပေါက်ကွဲမှုဖြစ်ပြီးကတည်းက နောက်ဖေးက ရေချိုးခန်းတခါး တွေပိတ်လို့မရတော့ဘူး
နောက် ပါတ်ကြားတွေ လိုက်လာပြီး အုတ်တွေ ဟပြီး ထွက်လာလို့ ကျမတို့
အားလုံးထွက်ပြေးလာခဲ့ကြတယ်”ဟု ပြိုကျသည့်အခန်းတွေနေထိုင်သူ  မဥမ္မာက ပြောသည်။

အဆိုပါနောက်ဖေးကြမ်းပျိုကျမှုကြောင့် ထိခိုက်ဒါဏ်ရာရမှု
တစ်စုံတစ်ရာမရှိခဲ့ကြောင်းသိရသည်။

“ကျွန်မတို့ အားလုံးထွက်ပြေးလာပြီး ၁၅ မိနစ်လောက်ကြာတော့ ပြို သွားတာဘဲ
။ကြိုရှောင်နိုင်လို့ လူမသေတာ”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယခုကြမ်းကျွံကျသည့် တိုက်သည် ၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့သည်ဟု
ရန်ကုန်မြို့တော်စဉ်ပင်သာယာရေး အရာရှိတစ်ဦးထံမှသိရသည်။

တိုက်ပြိုမှုကိုရှင်းလင်းနေစဉ်အတွင်းမှာပင် မျက်နှာခြင်းဆိုင်ဘက်အခြမ်း
အိမ်အမှတ် ၃၇ မှ ၀ရန်တာ အင်္ဂတေချပ်များကွာကျ ခဲ့သည်။

“ဟိုနေ့ည ပေါက်ကွဲမှုဖြစ်တုန်းက တစ်လမ်းလုံးတုန်ခါသွားတာဘဲ လမ်းထဲမှာရှိတဲ့
တိုက်အိုတွေ တော်တော်နာ သွားတယ် ”ဟု အိမ်နီးခြင်းတစ်ဦးဖြစ်သူ
ဒေါ်မေခင်ကပြောသည်။

မင်္ဂလာတောင်ညွန့်  မြို့နယ်တွင် တိုက်အိုတိုက်ဟောင်းများပေါများပြီး မကြာခဏ
တိုက်ပြိုမှုများဖြစ်ပေါ်လေ့ရှိသည်။       ။

မတ္တာမွန်ဂိုတောင်ပေါက်ကွဲမှုအရှိန်ကြောင့် မင်္ဂတောင်ညွန့် ၁၂၄လမ်းတွင်

--

   ___  စိတ်နှလုံးရွှင်လန်းပြီး
                                 အပန်းလဲပြေနိုင်ပါစေ__

(ဖြူစင်)
https://www.facebook.com/ygnpress   မှကူးယူဖော်ပြသည်

0 မှတ်ချက်များ:

Post a Comment

ကျေးဇူးတင်ပါတယ်

Labels

TOP