7/23/12

Nokia Symbian V3 V5 ကို ဟက်မယ်

Nokia Symbian V3 V5 ကို ဟက်မယ်
ဒါကိုတော့ တော်တော်များများသိမှာပါ Nokia ဖုန်းကိုဘယ်လိုဟက်ရမယ်ဆိုတာ 
ကျွန်တော် ဒီပိုစ့်ကိုဘာဖြစ်လို့တင်ရတာလည်းဆိုရင် ကျွန်တော်သူငယ်ချင်းက
သူ့ရဲ့ ဖုန်း N8 မှာ မြန်မာဖောင့်ထည့်ခိုင်းတယ်လေ ကျွန်တော်လည်းရှာပြီးတော့ ထည့်တာ 
မရဘူး ဖုန်းကိုဟက်ရအုံးမယ်တဲ့ အဲဒါနဲ့ ဆရာကြီးတွေကို မေးတာ Norton နဲ့ ဟက်ရတယ်တဲ့
အဲဒါနဲ့ ဟက်ပြီးထည့်တာ လည်းအဆင်မပြေဘူး အဲဒီအချိန်က
 မြန်မာမိုဘိုင်းလည်း ပိတ်ခံထိပီး ပြန်ဖွင့်တဲ့အချိန်ဆိုတော့ အဲမှာလည်းရှာရခက်တာနဲ့ 
Google ကနေရှာပြိး ဟက်လိုက်တာ အဆင်ပြေသွားပါတယ်
အဆင်ပြေတာနဲ့
မြန်မာဖောင့် နည်းပညာဆိုဒ်တော်တော်များများမှာတင်ထားတာတွေ့တယ် 
အဲမှာ ဒေါင်းပြီးတော့ထည့်လိုက်တာ ထည့်တာ အဆင်ပြေတယ်ဗျ အဆင်ပြေတယ်တော့ 
ဝမ်းသာအားရနဲ့ Font ချိန်းပြီး ဖုန်းပိတ်လိုက်တာ အဲမှာ ပြသနာတက်တာဘဲ 
ဖုန်းက ဖွင့်လို့ရမတော့ဘူး ဘာလို့လည်း မသိဘူး  အဲဒါနဲဖုန်းဆိုင်ပို့လိုက်တာ အခုထိမရသေးဘူး 
သူများ ဖုန်းကိုကလိလိုက်တာ လွန်သွားတယ် 
ကျွန်တော်ဘာလို့ အဲဒါတွေ ပြောရလည်းဆိုရင် ကျွန်တော် အခုတင်တာက
 Nokia ကို ဘယ်လိုဟက်မယ်ဆိုတာ ရှင်းပြမှာပါ
ဘာလို့ဆိုတော့ ကျွန်တော်က မြန်မာဖောင့်အတွက် ရည်ရွှယ်ပီးတင်တာမဟုတ်ဘူး 
ထည့်ချင်တဲ့သူလည်း ထည့်ပေါ့ဗျာ ပြသနာတက်ရင် မသိဘူးနော် ကြိုပြောထားတာ
အဲလို ဟက်လိုက်ရင် ဘာဖြစ်လည်းဆိုတော့  Nokia အသုံးပြုသူတိုင်း ကြုံဖူးတဲ့ ပြသနာလည်းဖြစ်မှာပါ
အဲဒါက ခရက်လုပ်ထားတဲ့ ဆောစ့်ဝဲလ်တွေ ဂိမ်းတွေ ဘာညာ ဟိုဟာဒီဟာ အစုံပေါ့ ထည့်တဲ့အခါ 
အယ်ရာပြပါတယ် ဟက်ထားတဲ့ ဖုန်းဆို မပြတော့ပါဘူး ဖုန်းထဲကို အဆင်ပြေပြေနဲ့ထည့်ပြီးတော့ အသုံးပြုနိုင်ပါတယ်ဗျာ အရင်းဆုံး  NortonSymbianHackLDD.sis ကို Install လုပ်လိုက်ပါ
ပြီးတော့ Norton ကိုဖွင့်ပြီး ပုံမှ ပြထားတဲအတိုင်း ၀င်လိုက်ပါ ပြီးရင်
 Options  ထဲဝင်ပြီးတော့  Restore All လုပ်လိုက်ပါ 
Yes or No မေးရင် Yes လုပ်လိုက်ပါ
ပြီးရင် RomPatcherPlus_3.1 ကို Install လုပ်ပါ 
ပြီးရင် ဖွင့်ပြီးတော့ Options ထဲဝင်ပြီး Add to Auto လုပ်လိုက်ပါ ပုံမှာပြတဲ့အတိုင်းဖြစ်သွားပါမယ်
အဲဒါပြီးရင် x-plore_s60_3rd ကို Install လုပ်ပါ  
ဖွင့်တဲ့အခါ အရင် ဆုံး 0 ကို နိုပ်ပြိး စစ်ကြည့်ပါ အခုလိုပေါ်လာရင် ပုံမှာ ပြထားတဲ့အတိုင်း လုပ်လိုက်ပါ
ပြီးတော့ ဒေါင်းထားတဲ့အထဲမှာပါတဲ့  installserver ကော်ပီလုပ်ပြီးတော့ 
C:\sys\bin ထဲကို ကော်ပီလုပ်ပြီးထည့်လိုက်ပါ ကော်ပီ မလုပ်ခင်မှာ C:\sys\bin ဖိုင်ကို အပီးရွှေးထားပါ ပြီးတော့မှ installserver ကော်ပီလုပ်ပြီးတော့ ရွှေးထားတဲ့ C:\sys\bin အပေါ်ကိုကလစ်လိုက်ရင် ပုံမှာ ပြထားတဲ့အတိုင်းရောက်ပါပြီ ပီးရင် ဖုန်းပိတ်ပြီးတော့ ပြန်ဖွင့်လိုက်ပါ
အဲဒါဆို ဟက်ခြင်းလုပ်ငန်းပြီးဆုံးပါပြီ
ကဲ အဲဒါဆို ကိုယ်ကြိုက်တဲ့ ဆောစ့်ဝဲလ် ဂိမ်းတွေကို အယ်ရာ မဖြစ်စေဘဲထည့်သွင်းပါပြီ ခင်ဗျာ
မသိသေးတဲ့သူငယ်ချင်းတွေ အတွက်ပါ 

3 comments:

  1. အကိုအဲလိုဖြစ်တာ ဘယ်နှစ်ခါရှိပီလည်းဟင်
    ဖုန်းကောပြန် ရပီးလားဟင်
    ကျနော်လည်း n8 ကိုသုံနေသူပါ
    ကျနော်လည်းအဲလိုဖြစ်တာအခါပေါင်းမနည်းတော့ဘူး
    ဒီမှာကလုပ်ရတာနည်းနည်းမြန်တယ်လေ ၀၀း၁၅ မိနစ်ဘဲစောက်ရတာဆိုင်ပို့တာ
    အကိုလညိးမရသေးဘူးဆိုရင်ပို့လို့ရပါတယ် ကျနော် က malaysia မှာ
    အကိုစာကိုဖတ်ပီးကျနော်သဘောကျလို့ရေးလိုက်တာပါ ကျနော် မြန်မာစာထည့်တာ
    အခုထိမရသေးဘူး ဆိုင်ရောက်ပါများလို့ မထည့်ရဲတောပါဘူး သေချာထည့်လို့ရတဲ့ဆော့ဝဲး လေးတွေ့ရင်နည်းနည်းလောက်မျှဝေပေးပါ နော် ဘ၀သူတွေမို့လို့ အသနားခံတာပါ လေးစားစွာဖြစ် အကို အမျိုးကောင်းသာခင်ညာ စာပြန်ပေးပါနော် အကို့ ဆိုဒ် ကိုအားပေးနေသူတယောက်ပါ

    ReplyDelete
  2. အခုကောင်းသွားပြီး နောက်တစ်ကြိမ်ထည့်သွင်းလိုက်တာ အဆင်ပြေတယ် စာပြန်နောက်ကျတာ တောင်းပန်ပါတယ်ဗျာ

    ReplyDelete
  3. အကူညီလေးတောင်းချင်လို့ပါအကို phone 3gs ကို OS 6.1.2 တင်လိုက်တာ sim card မပါပဲ Activate တော့ဖြစ်တယ် sim card ထည့်လို့မရဘူးဖြစ်နေတယ် no service ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲကူညီပါပါဦးဗျာ ကျေးဇူးတင်ပါတယ်

    ReplyDelete


ကျေးဇူးတင်ပါတယ်