Loading...
9/20/12

မှားပို့မိတဲ့ Email ကိုပြန်လည်ပြင်ဆင်ပြီးတော့ ပြန်ပို့ချင်သူတွေအတွက်

သူငယ်ချင်းအပေါင်းသင်းတွေဆီကို အရေးပေါ်မေးပို့တဲ့အခါမှာ မှားယွင်းမှုလေးတွေပါလာခဲ့ရင် 
ပြန်လည်ပြင်ဆင်ဖို့ ပြန်လည်ပြင်ဆင်ဖို့ နည်းလမ်းကောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်
တစ်စုံတစ်ရာ မှားယွင်းသွားတဲ့ သင့်အီးမေးကို ပြန်ခေါ်ပြီး ပြင်ဆင်နိုင်တဲ့
လုပ်ဆောင်ချက်တစ်ခု ကို ဂူးဂဲလ်က ဖန်တီးပေးထားပါတယ်
ဒါကတော့ ဂျီမေးကနေ သင့်ပို့လိုက်တဲ့ အီးမေးလ်ကို 
5စက္ကန့်အတွင်းမှာ undo လုပ်ပြီး ပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ
ဒီလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ဖို့အတွက် 
အဆင့်(1) -သင့်ဂျီးမေးလ်လိပ်စာရဲ့ ညာဘက်အခြမ်းအပေါ်ဘက်မှာရှိတဲ့ 
setting ထဲက Labs ဆိုတာလေးကိုရွှေးပြီးတော့ ကလစ်လိုက်ပါ 
အဆင့်(2) Labs အထဲကမှ undo send option ရွေးပြီး Enable ကိုရွှေးလိုက်ပါ
ပြီးရင် ကိုယ်ပြောင်းထားတဲ့ setting ကို save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကိုစတင်လုပ်ဆောင်လို့ရပါပြီ
ဒီနည်းလမ်းက ရိုးရှင်းပါတယ် သူပုံစံလေးက သင်အီးမေးလ်တစ်စောင့်ပို့လိုက်ပြီဆိုတာနဲ့
သင့်ကိုအသိပေးတဲ့ You message has sent ဆိုတဲ့စာသာလေးပေါ်လာပါတယ်
ဒီစာသာလေးရဲ့ဘေးမှာ undo ဆိုတဲ့လင့်လေးတစ်ခုပါပါတယ်
ပို့ပြီးသား အီးမေးလ်ကိုပြန်ခေါ်ချင်တယ်ဆိုရင် undo ဆိုတဲ့လင့်လေးကိုကလစ်လိုက်ယုံပါဘဲ
တစ်ခုရှိတာက ပို့လိုက်တဲ့အီးမေးလ်ပြန်ပြင် မပြင်ဆုံးဖြတ်ဆိုဖို့အတွက် အချိန် 5 စက္ကန့်ဘဲရမှာဖြစ်ပါတယ်
တကယ်လို့ပြန်ပြင်စရာရှိတယ်ဆိုရင် 5 စက္ကန့် အတွင်းမှာ နိုပ်ပြီး ပြန်လည်ပြင်နိုင်ပါတယ်
Ref>>နက်ဂိုက်သတင်းစာမှ

1 မှတ်ချက်များ:


ကျေးဇူးတင်ပါတယ်

Labels

 
TOP