Salfeld Child Control ခေါ်တဲ့ဆောစ့်ဝဲလ်လေးပါ
အသုံးပြုနည်း (နေမင်းမောင်ဆိုဒ်ကကူးလာတာပါ)

ဒါကတော့ ကျွန်တော်တို့ Key ထည့်ပြီးတဲ့ အချိန်မှာ ပထမဆုံး ဖြစ် Time Limits
ကနေစကြည့်တာလေး ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ကျွန်တော်တို့ PC ရဲ့အချိန်ကို
မိမိတို့ လိုသလို ထိန်းချူပ်ပေးထားနိုင်ပါတယ်။ အောက်ကတစ်ဆင့်ကတော့
Internet သုံးတဲ့အချိန် ဖြစ်ပါတယ်။ ဒါလေးကိုလည်း မိမိတို့လို အပ်သလို
ထပ်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။

ဒါကတော့ ဒုတိယအဆင့်လေး ဖြစ်ပါတယ်။ PC Blocked Times နဲ့ Internet Blocked
Times ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။ ကျွန်တော်တို့ ရက်အလိုက်
ကလစ်လေးထောက်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။

ဒါကတော့ Special Limits လေးပဲဖြစ်ပါတယ်။ ကျွန်တော် တို့ လိုအပ်သလို
ထိန်းချုပ်ပေးထားနိုင်ပါတယ်။ အသုံးပြုရတာလည်း ပုံလေးတွေမှာ ပါဝင်တဲ့
အတိုင်းပဲ ရိုးရိုးရှင်းရှင်းလေးတွေပါပဲ။

ဒီအဆင့်လေးကတော့ ကျွန်တော်အကုန်တော့ မရှင်းပြတော့ပါဘူး။ ရိုးရိုးလေးပါပဲ။
ကျွန်တော် မျှားလေးထိုးထားတာလေးတွေကိုလိုက် ကြည့်ရင်ကို အဆင်ပြေပါလိမ့်မယ်။
ကျွန်တော်တို့ ပိတ်ထားလိုတဲ့ ကောင်လေးတွေကို
အမှန်ခြစ်လေးတွေလိုက်ပေးလိုက်ရုံပါပဲ။ ဒုတိယတစ်ခုရဲ့ Unwanted ( URL )
ဆိုတဲ့နေရာလေးမှာတော့ ကျွန်တော်တို့ ကလေးတွေကို မမြင်စေချင်တဲ့ ဆိုဒ်ရဲ့
လင့်ခ်လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။ အခုလိုပဲ ဆက်ပြီး မိမိတို့
လိုအပ်သလို ကလေးတွေအတွက် လိုအပ်သလို ထိန်းချုပ်ပေးထားနိုင်ပါတယ်။

ဒီအဆင့်ကတော့ မိမိတို့ ကလေးတွေအတွက် မသုံးစေလိုတဲ့ Programs လေးတွေကို
ပိတ်ထားခြင်းပဲဖြစ်ပါတယ်. ။ ဒါ့အပြင် သူတို့ Run
ပြီးသုံးမရအောင်ပါပိတ်ထားလို့ရပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။

ဒါကတော့ ကျွန်တော် ဟိုး အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ Command Prompt
တွေ Registry Editor တွေကို ဖျောက်ပေးနိုင်ခြင်း စတဲ့ Features
လေးတွေဖြစ်ပါတယ်.။ အဆင်ပြေမှာပါ။

ဒါကတော့ နောက်တစ်ဆင့်ပါ။ ကျွန်တော်တို့ ဖိုလ်ဒါလေးတွေကို Lock ချလိုက်တာပါ။
မိမိတို့ မမြင်စေလိုတဲ့ ဖိုလ်ဒါလေးတွေ ကို Add ကနေပေါင်းထည့်ပေးပြီး
ထိန်းချုပ်ထားရုံပါပဲ။။

ဒါကတော့ ကျွန်တော်တို့ Administrator နဲ့ Users ခွဲခြားပေးနိုင်တဲ့ကောင်လေးဖြစ်ပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင် ဗျာ.။

သူ့ရဲ့ မူရင်းလိပ်စာကတော့ http://www.salfeld.com/ ဖြစ်ပါတယ်။ Video လေးတွေကိုကြည့်လိုတယ် ဆိုရင်တော့ Application လေးထဲမှာ လည်းပါဝင်သလို ဒီလင့်ခ်လေးမှာ လည်းသွားကြည့်နိုင်ပါတယ်။ ဒီလောက်ဆိုရင် အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်။


ဖိုင်ဖြေလို့ မရပါ.. ပေးထားတဲ့ password လည်း ထည့်လို့ မရပါ..ကျေးဇူးပါ
ReplyDeleteရပါတယ် အကို အဲပုံရိုက်ပြီးတင်ပေးလိုက်ပါတယ် အကိုအဆင်မပြေဘူးပြောတော့ ကျွန်တော်မှာ ဒေါင်းပြီးတော့ ပြန်စမ်းရတာပေါ့ အဆင်ပြေပါတယ်
ReplyDelete