မဇ္ဈိမ သတင်းဌာနသည် မြန်မာပြည်သူများအတွက် ယနေ့တိုင်းပြည်တွင်
ဖြစ်ပျက်နေသော သတင်းအစုံအလင်ကို လျှင်မြန်မှန်ကန်စွာ ပို့ဆောင်ပေးနေသော
သတင်းဌာနတစ်ခုဖြစ်ပါသည်။ Mizzima သတင်းဌာနမှ စာဖတ်သူများအတွက်
မိမိတို့၏ Android Phone များ၊ Android Tablet များမှတစ်ဆင့် မဇ္ဈိမ
သတင်းဂျာနယ်၏ အပတ်စဉ်ထုတ် သတင်းများကို ဖတ်ရှုနိုင်ရန် Bagan Innovation
Technology မှ ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ အောက်ပါ link တွင် Mizzima
Android Reader Application ကို
အခမဲ့ ရယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.bit.mizzima
Mizzima News Android Reader Application အားရယူရန်
(or) zippyshare
Download ပြုလုပ်ခြင်းနှင့် Application အသုံးပြုရာတွင် တွေ့ရှိသော အခက်အခဲများကို http://www.facebook.com/BitCarePage တွင် ရေးသားဖော်ပြနိုင်ပါသည်။
BIT မှ ထုတ်လုပ်နေကြ ယခင် Android Version များနှင့် မတူ ယခု Android
Application သည် မဇ္ဈိမ၏ အပတ်စဉ်ထုတ် ဂျာနယ်ကို မိမိတို့ Android
Phone နှင့် Tablet များ တွင် ဂျာနယ် အသွင်
ဖတ်ရှုနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။
ဂျာနယ်၏ သတင်းများကို Category ခွဲခြားထားပေးထားခြင်းဖြင့် သတင်းများကို ပိုမို အဆင်ပြေစွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
အပတ်စဉ်ထုတ် Mizzima သတင်းဂျာနယ်များကို ယခု Application မှ တစ်ဆင့်
Download ပြုလုပ်နိုင်ပြီး Download ပြုလုပ်ပြီးပါက မိမိတို့ ဖုန်းထဲတွင်
Offline Storage အနေဖြင့် သိမ်းဆည်းထားခြင်းဖြစ်ပါသဖြင့် User များအနေဖြင့်
လွယ်ကူစွာ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
Android Tablet များတွင် Screen အပြည့် ဖတ်ရှုနိုင်ရန် Mizzima Android
Reader Application ၏ Setting ထဲမှ Display Setting->Page Flow တွင်
Fixed ကို ရွေးချယ်၍ လည်းကောင်း၊ Android Phone များတွင် အဆင်ပြေစွာ
ဖတ်ရှုနိုင်ရန် Fluid ကို ရွေးချယ်၍ လည်းကောင်း ဖတ်ရှုနိုင်ပါသည်။
မှတ်ချက်။ ။Android Version 4.0 အထက် တွင် Font Error အနည်းငယ်ရှိပါသည်။
http://myanmarmobileapp.com/ မှကူးယူဖော်ပြသည်
Mizzima Android Reader Apk
ခေါင်းစဉ်
Android,
Android App
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်