Loading...
3/26/13

Google Keep apk 1.5MB

Google ကနေ နောက်ဆုံးထွက်ရှိလာတာကတော့ Google Keep ဖြစ်
ပါတယ်။

Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆိုရပါမယ်။

Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application)
ဖြစ်တဲ့ Evernote နဲ့ တူပါတယ်။ မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်
တကူ မှတ်သားနိုင်မှာပါ။

Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီး
သားဖြစ်ပါတယ်။Google အနေနဲ့ တော့ ဒါဟာ ပထမဦးဆုံးအကြိမ် ထုတ်
လုပ်လိုက်တဲ့၊ မှတ်စုရေးတဲ့ app တခု ဖြစ်ပါတယ်။

Google Keep ဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Google Drive နဲ့ ချိတ်ဆက်ထားတာပါ။ သင်မှတ်ထားသမျှ အရာအားလုံးဟာGoogle ရဲ့
(cloud storage service) မှာလည်း မှတ်သားထားပြီး ဖြစ်ပါလိမ့်မယ်။

မှတ်စု ရေးသားတာအပြင် ဓာတ်ပုံတွေ၊ အသံဖိုင်တွေကိုလည်း အလွယ်
တကူ မှတ်သားနိုင်မှာဖြစ်ပါတယ်။အကယ်၍ အင်္ဂလိပ်လိုပြောပြီး ကိုယ်ရဲ့
အသံကို ဖမ်းလိုက်ရင် တခါတည်း စာသားအဖြစ်သို့ ပြောင်းသွားမှာမို့  စာရိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

Google Keep ကိုသုံးပြီး ဓာတ်ပုံ ရိုက်တယ်ဆိုရင်လည်း တခါတည်း တည်းဖြတ်နိုင်၊ အရောင်တွေပြုပြင်နိုင်ပါတယ်။ပြီးတော့ ဓာတ်ပုံတွေ
ကို e-mail, picasa , Google + , Facebook , Twitter , Instagram အစ ရှိတဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေပေါ်မှာ တခါတည်း ရှယ်လို့ ရပါတယ်။

Google Keep ကို ဖုန်း၊ သင်ပုန်းကွန်ပျူတာတွေမှာသုံးချင်တယ်ဆိုရင်တော့
Andriod 4.0 Ice Cream နဲ့  နောက်ပိုင်းထွက်တဲ့ Jelly Bean တို့ မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ .
https://play.google.com/store/apps/details?id=com.google.android.keep
မှာလည်း ရယူနိုင်သလို ကျွန်တော်တင်ပေးထားတဲ့ လိပ်စာကနေလည်းရယူနိုင်ပါတယ်

အသစ် ထွင်လိုက်တဲ့ Google Keep ရဲ့ လုပ်ဆောင်နိုင်စွမ်း (၇) ချက်က ဒီလိုပါ -

၁။ သင်ရဲ့ အတွေး ၊ စိတ်ကူးမှန်သမျှကို မှတ်စုအနေနဲ့ သော်လည်းကောင်း၊
တနေ့ တာလုပ်ဆောင်စရာအချက်များ နဲ့  ဓာတ်ပုံတွေကို သော်
လည်းကောင်း အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

၂။ သင်ရဲ့ အသံကို စာသားအဖြစ် တခါတည်းပြောင်းလဲပေးခြင်း ( ဘာသာ
စကား ကန့် သတ်ချက်ရှိ )

၃။ homescreen widgets လို့ ခေါ်တဲ့ ဖုန်းရဲ့ အဓိကကျတဲ့နေရာကနေပြီး သင့်ရဲ့အတွေးတွေကို မှတ်စုအဖြစ် အလျှင်အမြန် ပြောင်းလဲနိုင်ခြင်း

၎။ ရောင်စုံနဲ့မှတ်သားထားပြီး မှတ်စုများကို အလွယ်တကူ ပြန်လည်
ရှာဖွေနိုင်ခြင်း

၅။ သင်မလိုအပ်တော့တဲ့ မှတ်စုများကို အခြားနေရာမှာ အလွယ်တကူ မှတ်တမ်းမှတ်ရာအနေဖြင့် သိမ်းဆည်းထားနိုင်ခြင်း

၆။ မှတ်စု အနေနဲ့ သာ မဟုတ်ဘဲ တနေ့ တာ လုပ်ဆောင်စရာများကို
ရေးသားထားပြီး checklist ပြုလုပ်ထားနိုင်ခြင်း

၇။ မှတ်စုတွေကို သင်ရောက်ရှိနေတဲ့နေရာကနေ အလွယ်တကူ အသုံးပြုနိုင်ခြင်း
(အင်တာနက်အတွင်းရှိ “Cloud”ကွန်ရက်ထဲမှာ သိမ်းဆည်းထားတာဖြစ်
တဲ့အတွက် အင်တာနက် အသုံးပြုပြီး ပြန်လည်ရှာဖွေနိုင်ခြင်း )

  

0 မှတ်ချက်များ:

Post a Comment


ကျေးဇူးတင်ပါတယ်

Labels

 
TOP