Loading...
10/26/13

Android 4.0 နှင့်အထက်ဖုန်းများအားလုံးကို မြန်မာစာအဆင်ပြေမှန်စွာ သွင်းပေးနိုင်မည့် Myanmar Mobile Zawgyi Changer 2 v1.0.5 ထွက်ရှိ





Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင်သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas)မှရေးသားဖန်တီးထားပါတယ်။ 

MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature များ
-Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြင်း
-Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ
-ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ်
မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စနစ်
G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အဆင်ေ
ပြစေမည့်စနစ်တွေပါဝင်ပါတယ်။

-MMAS Zawgyi Changer 2 ရဲ့ အခြား feature တွေအနေနဲ့ကတော့ Smart Zawgyi နေရာမှာ အခြား font တွေဖြစ်တဲ့ Zawgyi font , Zawgyi Flower font, Zawgyi Dancing font , Sony Zawgyi font နဲ့ စံမြန်မာဖောင့်တွေပါဝင်ပြီး ယင်း font ခြောက်မျိုးစလုံးကိုစိတ်ကြိုက်ေ
ပြာင်းသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
-အရင် version တွေလို မူရင်းဖောင့်(ဥပမာ-တရုတ်ဖောင့်မ
ျား)ပျောက်မသွားအောင်လည်း ပြုလုပ်ပေးထားပါတယ်။

MMAS Zawgyi Changer 2 သည် www.myanmarmobileapp.com ၏ Product တစ်ခုဖြစ်ပါသည်။ MMAS Zawgyi Changer 2 v1.0.5 ကို Android version 4.0 မှ Android 4.3 အထိရှိသော ဖုန်းအားလုံးတွင်အသုံးပြုနိုင်မ
ှာဖြစ်ပြီး Android 4.4 ထွက်ရှိလာပါကလည်း MMAS Zawgyi Changer 2 v1.0.5 နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ယခု Font Changer ကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။
Credit-Myanmar Mobile Applictaion Store(MMAS)
 Download Here

5 မှတ်ချက်များ:

  1. bagan keyboard ကို မကြိုက်ဘူးဗျ uninstall လုပ်လို့လဲမရ တော့ဘူး ဘယ်လိုလုပ်ရမလဲ ပြောပြပါလား

    ReplyDelete
    Replies
    1. တိန်....uninstall လုပ်လို့ ရပါတယ်ဗျ။အဲ့ကီးဘုတ် မကြိုက်
      ရင် Frozen Keyboard သုံးလေ။

      Delete
  2. BaganKeyboard ကို
    uninstall လုပ်​လို့မရဘူး
    ခင်​ဗျာ ကူညီပါခင်​ဗျ

    ReplyDelete
    Replies
    1. အာ့ဆို easy uninstaller တို့  Clean Master တို့ သုံးပီးဖျတ်ကြည့်ပါလား။မဖျတ်ခင်
      Setting ထဲက application manager ထဲမှာ Bagan ကို Force stop နဲ့  Clear Data လုပ်ထား။ပီးမှဖျတ်ကြည့်။စမ်းကြည့်ပါဦး

      Delete
  3. အစ်​ကို... ကျွန်​​တော့်​ဖုန်းက Huawei 8813D ပါ .... ဒီ Smart Zawgyi apk ကို install လုပ်​ >> open ပြီး ပထမဆုံး smart zawgyi font ကို click(select) >> reboot ချ စမ်းသုံးကြည့်​ပါတယ်​ .... အဆင်​မ​ပြေပါဘူး 8813 ထုံးစံအတိုင်း မြန်​မာစာလုံး​တွေက ​ရှေ့​နောက်​လွဲ​နေတုန်းပါပဲ ....
    အဲ့ဒါနဲ့ ​နောက်​တစ်​ခါ​တော့ ``စံမြန်​မာ font´´ ကို click(select) >>> reboot ချပါတယ်​ .... ဖုန်းက ပြန်​တက်​လာ​တော့ Huawei logo >> Surfing logo ...... ပြီး​တော့ ​ရှေ့ဆက်​ မတက်​​တော့ပါဘူး Surfing logo မှာပဲရပ်​​နေပြီး ဘာဆိုဘာမှ ဆက်​လုပ်​လို့မရ​တော့ပါဘူး ....
    ဖုန်းကို battery ဆွဲဖြုတ်​ ပြန်​၀င်​ ၄ ၅ ခါ လုပ်​ကြည့်​ပါတယ်​ အဆင်​မ​ပြေပါဘူး .... recovery mode ထဲ ၀င်​ကြည့်​​တော့ ၀င်​လို့ရ​နေတာနဲ့ recovery က​နေ factory reset ချကြည့်​တာလဲ အဆင်​မ​ပြေပါဘူး .... ဖုန်းက Surfing logo က​နေ လုံးဝကို ​ရှေ့ဆက်​မတက်​​တော့တာပါ .....
    Help me Plzzzz !!!
    ဘာဆက်​လုပ်​ရမလဲ ပြန်​ပြင်​လို့ ရပါ့အုံးမလား သိနားလည်​တဲ့သူ​တွေ အကြံညဏ်​​ပေးကြပါအုံး အစ်​ကိုတို့ရယ်​ ...... plzz :_( :_(

    ReplyDelete

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP