Sam Mobile ကနေ ပြီးတော့ လွန်ခဲ့ တဲ့ ၂ ပတ်လောက်က Europe Region အတွက် Android 4.3 Test Firmware ကျု ဒေါင်းလော့ လင့် ချပေးခဲ့ပါသေးတယ်။ အခုလဲ Asia Region အတွက် ချပေးလိုက်ပါပြီ။ ယခု အကြိမ် ဟာ Test Firmware ထုတ်ပေးခြင်း ရဲ့ နောက်ဆုံး တစ်ခု ဖြစ်သလို နောက်ထပ်လဲ SGS4 အတွက် Android 4.3 ကို ထပ်ထုတ်ပေးမှာမဟုတ်တော့ ပါဘူး။ Bugs တွေ ပြင်တာလောက် ပဲ ရှိတော့ မှာပါ။ အခု Test Firmware လာပြီးလို့ ၁ ပတ် ၂ပတ် အတွင်းမှာတော့ Galaxy S4 (GT-I9505 / GT-I9500) တို့အတွက် Samsung က နေပြီးတော့မှ Official ထုတ်ပေးတော့ မယ်လို့ တော့ ထင်ရပါတယ်။
အောက်မှာ Galaxy S4 (GT-I9505) Android 4.3 test firmware Video Review ကြည့်နိုင်ပါတယ်။
ဒါကတော့ Info တွေပါ။
Model: GT-I9505
Country: Open Asia
Version: Android 4.3
Changelist: 1840064
Build date: Tue, 8 Oct 2013 23:29:05 +0000
Product Code: OLB
PDA: I9505XXUEMJ3
CSC: I9505OLBEMJ2
MODEM: I9505XXUEMJ3
အကယ်လို့ Galaxy S4 (GT-I9505) Asia Region အတွက် Android 4.3 Test Firmware ကို ဒေါင်းလုပ်ရယူချင်တယ် ဆိုရင်တော့ အောက်မှာ Download ရယူ နိုင်ပါတယ်။
Install လုပ်နည်းပါ ဖော်ပြပေးထားပါတယ်။ Screenshot များလည်း အောက်ပါလင့်မှာ ကြည့်ရှု နိုင်ပါတယ်။
Source : Sam Mobile
Writer : Steel Jelly
Credit link : http://www.share4mm.com/2013/10/galaxy-s4-gt-i9505-asia-region-android.html
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်