မနေ့က ကာစတန်မှာ တစ်ယောက် ဖုန်းလာအပ်တယ် ဖုန်းက ဖွင့်လိုက်ရင် Vibrator တုန်နေပီးတော့ မပွင့် ဖြစ်နေလို့ လုပ်ပေးပါအုံးတဲ့
ကျွန်တော်လည်း ရိုးရိုးလေး စဉ်းစားလိုက်တယ် ကိုယ်က ဆားဗစ်သမား တစ်ယောက်မဟုတ်တော့
အဲလိုမရရင် flashtools နဲ့ တင်ပေးကြည့်မယ့်ပေါ့ အဲဒါနဲ့ Goolge မှာ ရှာ တစ်ညဒေါင်း ရတာနဲ့ တင်တာ
အနီတန်းလေး ခရမ်းတန်းလေးပြေးနေတော့ ဟ အိုကေပီ လာထား အာဘွား ပိုက်ပိုက် :P
ခရမ်းတန်းလေးလည်း ပီးရော အယ်ရာ ဘောက်တက်လာတယ် အဲဒါတော့ မသိမ်းထားမိတော့ မပြတော့ဘူး
ဒါနဲ့ စိတ်ညစ်ပီး ပြန်ပေးလိုက်တော့မယ် ဆိုပီး ဒီမနက်ရောက်လာတော့ အကိုရေ အဆင်ပြေဘူး ဗျာ ပြန်ယူတော့ လို့ပြောတာ
အကို အဆင်ပြေအောင် လုပ်ပေးပါအုံး ဘာညာသာရကာပြောတော့
အဲဒါဆို အချိန် နှစ်ရက်လောက်ပေးဗျာ အင်တာနက်မှာ တက်ရှာပီး လုပ်ပေးကြည့်မယ်လို့ပြောလိုက်တယ်
ရှာပေးမယ်သာ ပြောတာ ဘယ်လိုရေးပီး ရှာလို့ရမှန်းလည်း မသိဘူး ကိုက အယ်ရာ အသုံးနုန်းတွေမှ မသိတာကိုး
အဲဒါနဲ့ Telecom Technology
တင်တဲ့ ပိုစ့်လေး မြင်ပီး လုပ်ကြည့်တာ အိုကေသွားတယ် ဗျာ
ကဲဗျာ အပြောလေးတွေ ရှော့ပီး အလုပ်လေးတွေ လုပ်ကြစို့ :D
မလုပ်ခင် Flashtool V 3.1324.0.sn177 ကို Download လုပ်ထားပါ
…
ပြီးရင် Honor3CBootUnlock ဆိုတာလေးကို ဒီက Download လုပ်ထားပါ။
…အကုန်ရရင်တော့ SP Flashtool ကိုဖွင့်ပြီးတော့ Honor3CBootUnlock ထဲက Scatter ဖိုင်လေးကိုထည့်ပါ။ အဲမှာ Preloader နဲ့ Sec_ro နှစ်ခုပဲပါပါတယ်။ အဲဒါပြီးရင်အပေါ်က DA DL All With Check Sum မှာအမှန်ခြစ်ပေးပါ။ ပုံကိုကြည့်ပေးပါ။
။ ပြီးရင် Windows Menu > Write Memory လေးကို ရွေးပေးလိုက်ပါ။ ပုံမှာလိုမျိုး Write Memory Tab လေးတစ်ခုပေါ်လာတာကိုတွေ့ပါလိမ့်မယ်။ အဲဒီ Write Memory Tab ကိုရွေးပါ။ Open Raw Data မှာ တစ်ချက်နှိပ်ပြီး တော့ preloader_huawei82_wet_jb5.bin ဖိုင်လေးကိုရွေးပြီး Open နှိပ်ပါ။
။ Memory Setting မှာ EMMC မှာရွေးထားပါ။ File Size မှာတော့ Begin Address (Hex) မှာ 0x00000800 လို့ရေးပါ။ Container Length (Hex) မှာ 0x0001B0EC လို့ရေးပါ။ အကုန်ပြီးသွားရင်တော့ Write Memory ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါတော့။
။ ဖုန်းကိုပါဝါပိတ် ကြိုးထိုး Flash tool စရေးပါမယ်။ (အဲ မှားလို့ ဖုန်းက ပါဝါမှ မပွင့်တာ ဒီအတိုင်းထိုး) Pass သွားရင်တော့ OK ပါပြီ။ ကြိုက်တဲ့ Firmware ကို ကြိုက်တဲ့ Flash tool နဲ့ပြန်တင်လို့ရသွားတာကိုတွေ့ပါလိမ့်မယ်။ ကြိုက်တဲ့ Firmware တင်ဆိုပေမယ့် Firmware မှားရေးမိရင်တော့ နောက်တစ်ခေါက် ပြန်လုပ်ပေါ့ဗျာ
။ Firmware ပြန်ရေးတာရယ် IMEI ပြန်ရေးတာရယ်က ကိုယ့်ဆရာတွေ သိပြီးသားမို့ မပြောတော့ပါဘူး။ အဆင်ပြေတယ်ဆိုရင် OK ပါ။
FlashTools Firmware Download
H30-U10 ( China ) အလုံးများ Firmware စမ်းရင်း IMEI Null သွားသူများ
အခုကျတော့ ဖုန်းက IMEI လေး Backup ထုတ်ပီး တင်ပေးလိုက်ပါတယ်
-
အခုတင်ပေးလိုက်တဲ့ MTK Droid လေးကို အသုံးပြုပီး IMEI လေး Restore လုပ်ပေးလိုက်ပါ
-
ဖုန်းကို Root အရင်ဖောက်ပါ ပီးလျှင် ကွန်ပျူတာနှင့် ချိတ်ဆက်ပီး
ပုံတွင်ပြထားသည့်အတိုင်း အဆင့်လိုက် လုပ်ဆောင်ပေးလိုက်ပါ
ကွန်ပျူတာမှ Root Access တောင်းလျှင် ဖုန်းတွင် Allow လုပ်ပါ
============================================
Restore ခလုပ်နှိုပ်ပီးလျှင် ပထမ bin ဖိုင်ကိုရွေးပေးရပါမယ်
—————————–ဒုတိယ tar ဖိုင်ကိုရွေးပေးရပါမယ်
============================================
Reboot ကျပီးပြန်တက်လာလျှင် IMEI လေး ပြန် Check ကြည့်လိုက်ပါ
-
( IMEI Backup သည် H30-U10 China အတွက်ဖြစ်သည် )
-
( Global အလုံးပိုင်ရှင်များသည်လည်း MTK Droid tool ကိုအသုံးပြုပြီး
အကောင်းအလုံးမှ IMEI Backup ထုပ်ပီး IMEI Null သွားသော အလုံးတွင်
ပြန်လည် Restore လုပ်နိုင်ပါသည် )
-
MTK Droid Tool Downlink – http://d-h.st/zT5
-
IMEI Backup Downlink – http://d-h.st/PwF
Credit HanZawOO
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်