Loading...
1/30/13

မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ...

 မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ...
ဒါကတော့ကျွန်တော် တင်ထားတာတော်တော်ကြာပါပီ 
ကိုကျော်က မေးတာနဲ့ သူများတွေလည်းသိရအောင် ပြန်တင်ပေးလိုက်တာ 
ကွန်ပျူတာထဲက နေတာ အလင်းအမှောင်ဘယ်လိုချိန်မလည်းတော့ မသိပါဘူး 
အခု ဆောစ့်ဝဲလ်လေးနဲ့တော့ အလွယ်တကူ အလင်းအမှောင်ချိန်နိုင်ပါတယ်





အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.


မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.


များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ........
ကိုယ်စိတ်ကြိုက် အလင်းရောင်ထားချင်လည်းရပါတယ်
Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users
http://stereopsis.com/flux/
အခုဆိုဒ်ကနေယူပီးတင်ပေးတာပါ ထပ်လေ့လာချင်တယ် ၀င်ပီးလေ့လာကြည့်ပါ

9 မှတ်ချက်များ:

  1. ကျေဇူးတင်ပါတယ်
    ဘုရားသခင် ကောင်းကြီးပေးပါစေ

    ReplyDelete
  2. thanks brother
    May you be well and happy!

    ReplyDelete
  3. ဒကာတော်ရဲ့ ဆိုက်ကိုဝင်ကြည့်လိုက်မှဘဲ ပြဿနာတွေအကုန်ပြေပျောက်သွားတော့တယ်။ ကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့ စကားလုံးထက်ကောင်းတဲ့စကားလုံး လိုက်ရှာမတွေ့လို့ ကျေးဇူးအထူးတင်ပါတယ်လို့ဘဲ ပြောလိုက်ပါရစေဗျာ။

    ReplyDelete
  4. ကျေးဇူးပါဗျို့

    ReplyDelete
  5. ကျွန်တော် ကွန်ပျူတာ battery အတွက် အလိုအလျှောက်ဖြတ်တဲ့software လေးရှိလားမသိဘူး အသုံးပြုချင်လို့ပါ
    laptop တွေရဲ့ ဘက်ထရီကို ဘယ်လိုချိန်မှာ အားသွင်းတပ်ဖြုတ်ရမယ်ဆိုတာမသိလို့ အော်တို လုပ်ပေးတဲ့ software လေးရှိရင်တင်ပေးပါဦး ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. Thankz for this app. It works me very much.

    ReplyDelete


ကျေးဇူးတင်ပါတယ်

Labels

 
TOP