အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။
“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။
သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။
ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်
Ref:http://news.yatanarpon.com.mm/news/news-48675
ဒီသတင်းဖတ်ရတာစိတ်မကောင်းပါဘူး သူများနိုင်ငံတွေမှာလုပ်လို့ရတာကို
မြန်မာပြည်က ဆက်သွယ်ရေး ကတာဝန်ရှိသူတွေက မရဘူးလို့ပြောတယ်
ကျွန်တော်ထင်တယ် ပြည်သူတွေဆီက ?????????????
(ကျောက်ခဲရေညစ်ချင်နေကြတယ်လူတွေဗျာ) လူတွေဆင်းရဲချို့တဲ့တာသိသိကြီးနဲ့
အဲလိုလုပ်တာကိုအားမပေးနဲ့ ကန့်ကွက်တယ်ဆိုတော့ နယ်စပ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ဘဲကြည့်ပါ
သူတောင်းစားကအစ ဖုန်းကိုင်နိုင်ပါတယ် ကျန်တာဆိုမပြောနဲ့တော့ နယ်စပ်တွေမှာဆို
ထိုင်းနိုင်ငံဖုန်းကို တစ်နေ့တစ်နေ့ပြောနေတာ ပိုက်ဆံနဲ့တွက်မယ်ဆို သန်းပေါင်းများစွာ ရှိတယ်
ကိုယ်နိုင်ငံကမရဘဲ သူများနိုင်ငံက ရတာ ဦးစီးတဲ့လူတွေ အသုံးမကျလို့ပါ
(ကိုယ်အိပ်ထဲဘဲထည့်ချင်နေကြတာလေ ) အမျိုးကောင်းသား၇ဲ ခံစားချက်ပါ ဝေဖန်သွားနိုင်ပါတယ်
1/10/12
Subscribe to:
Post Comments (Atom)
Labels
- 1GBto2GB
- 3D
- a
- Acer
- Adobe
- Android
- Android App
- Android game
- Android Live Wallpaper
- Android Root Tool
- antivirus
- Aplus
- app
- Audio
- auslogic software
- AutoCAD
- Avast License key
- AVG License key
- Avira License key
- Backup
- Bitdefender License key
- Browser
- Burn
- Cherry Mobile
- cleaner
- clone
- Conver
- converter
- Cydia
- Designer
- Desktop
- DJ Studio
- download
- Dr.web License key
- Driver
- DVD
- Eset License key
- File Lock
- File Tools
- Firefox
- Firmware
- Flash
- FRP Lock
- FTP
- G-FIVE
- Gadgets
- game
- Game News
- Hello
- Honor
- Huawei
- imei
- Info
- Information
- Interne Fast Speed
- Internet Cut
- Internet Download Manager
- Internet TV
- Iobit Advance System Care
- Ip Hide
- ipad
- iphone
- ipod
- IT News
- Journal
- kaspersky keys
- KENBO
- Keyboard Shortcuts
- Keyfinder
- Keygen
- kimfly
- Lava
- Lenovo
- LG
- Live Wallpaper
- Mac
- Mac OS
- Magazine
- Making Money
- Malware
- Microsoft Office
- MiZu
- mobile
- Mobilo
- Mod Apks
- Movie
- MP3 Editor
- Mp3သီချင်းများ
- Network Ebooks
- nex
- nokia
- nokia app
- nokia game
- nokia Theme
- Offline Gmail
- Offline Update
- Optimizer
- Partition
- Pc game
- Photo
- Playboy
- player
- Portable
- PPSSPP
- Premium Account s
- Premium Accounts
- Proxy
- Recorder
- Recover
- Ringtone Maker
- Root လုပ်နည်းများ
- Samsung
- Screen Capture
- Screen Saver
- Singtech
- Skin Pack
- Skype
- software
- Sound Tools
- titan
- tools
- Torrent
- Translator
- True Mobile
- Typing Master
- Uninstaller
- Video editing
- Vista
- Vivo
- VMware
- Wallpapers
- Web Hosting
- Wi-Fi
- Windows 8
- Windows Loader
- Winrar
- Wireless
- WWE
- X-Bo
- ZTE
- ကဗျာ
- ကျန်းမာရေး
- စာအုပ်များ
- ဒိုင်ယာရီ
- နည်းပညာ
- ပရိုမိုးရှင်းဆောစ်ဝဲလ်
- ပြက္ခဒိန်
- မြန်မာ ဖောင့်ထည့်နည်း
- မြန်မာ ဖောင့်ထည့်နည်း
- သတင်း
- ဟာသ
- အမှတ်တရ
မြန်မာပြည်က လူကြီးတွေက အဲ သည်ဆောင့်ကျင့်တွေမပျောက်သေးဘူး....လုပ်နိုင်တဲ့ သူကရှေ့ ကလုပ်ရင်သူ တို့ ကနောက်ကလိုက်ဖျက်ပြီ.....ဒီအတိုင်းဆိုရင်ဘယ်လို ရှေ့ ဆက်ပြီးတိုးတက်တော့မလဲ.........
ReplyDeleteကိုယ်ပိုင်ဂြိုလ်တု ပိုင်ရင်တော့ ဖြစ်နိုင်ပါတယ် သူဟာသူလုပ်မယ်ဆို အိမ်ဖုန်းတွေ ဘယ်လ်ုခေါ်မလဲ တစ်ခုခုတော့ မှားနေပြီး
ReplyDelete