Galaxy S2 GT-I9100 ကို official 4.0.4 ဘဲတင်ချင်ကြပါတယ် ဘာကြောင့်လဲဆိုတော့
4.1 ဂျယ်လီမှာ မြန်မာဖောင့်အဆင်မပြေသေးလို့ ပါဘဲ ။ အဲတော့ကျွန်တော်တင်နည်းကို
ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ။ အခုလိုအပ်တာလေးတွေဒေါင်းလိုက်ကြရအောင်ဗျာ
တစ်ကယ်လို့ resume ရချင်အင်တာနက်လိုင်းမကောင်းရင်တော့
Facebook Group က Downloadhelper မှာ အကူညီတောင်းပါ Link
ဖုန်းအတွက် Driver မရှိသေးရင် ဒီမှာဒေါင်းပါဗျာ
Firmware ကိုဒေါင်းလုပ်ရလာလို့ ရှိရင် အောက်ကနည်းအတိုင်းဆက်လက်လုပ်ဆောင်ပါ့မယ်
zip ကိုဖြေလိုက်ရင် ဖိုင် ၄ ခုရလာပါမယ် ရလာရင်အဲတိုင်းလေးထားလိုက်ပါဦး
odin3 v3.04 ကိုဒေါင်းပြီးရင် zip ဖြေလိုက်ပါ့မယ်အောက်ကပုံကိုကြည့်လိုက်ပါ
အဲအထဲကမှ Odin3 v3.04.exe ကို run လိုက်ပါ။ အောက်ကပုံလိုမြင်၇ပါ့မယ်
သေချာလေးကြည့်ပေးပါပုံကို ကျွန်တောပြထားတဲ့ အတိုင်း အနီရောင် နဲ့ ပြထားတဲ့ အထဲကိုမှားမထည့်မိဖို့ အကြောင်းကြီးပါတယ်
အစိမ်းရောင်အကွက်လေးတွေထည့်မှာထည့်ရမဲ့ ပာာတွေကိုပြောပြပါ့မယ်
PDA – I9100_CODE_I9100XXLQ5_CL753921_REV02_user_low_ship.tar.md5
CSC – GT-I9100-MULTI-CSC-OXALQ5.tar.md5
Phone – MODEM_I9100XXLQ5_REV_02_CL1165929.tar.md5
အဲကောင်တွေထည့်တဲ့ အထဲမှာလဲ မှားမထည့်ဖို့ ဂရုစိုက်ပေးပါ
အကုန်သေချာမှန်ပြီဆိုရင် ဖုန်းကို voume down+home key+ power သုံးခုတွဲနှိပ်ပြီး
download mode ထဲ ၀င်ရန် volume up ကို တစ်ချက်နှိပ်ပါ။
ပြီးရင် ဖုန်းကို USB ကြိုးနဲ့ ကွန်ပြူတာကိုချိတ်ဆက်ပေးပါ
တစ်ချက်လောက်အောက်ကပုံကိုကြည့်ပေးပါဦး
ဖုန်းကို ကွန်ပြူတာကသိရင် message box တွင် Added လို့ ပေါ်လာပါမယ်
Add လို့ ပေါ်လာပြီသေချာပြီဆိုရင် start ကို နှိပ်ပါ။ အားလုံးအောင်မြင်ပြီဆိုရင် message box မှာ passလို့ ပေါ်လာပြီး
ဖုန်း Restart ကျ သွားပါလိမ့်မယ်။ Restart ကျပြီး ၅ မိနစ်လောက်စောင့်ကြည့်ပါ။
တစ်ကယ်လို့ များ power ပြန်တက်မလာပါက ဖုန်းကို computer ဖြင့်တွဲဆက်ထားသော ကြိုးကို ဖြုတ်လိုက်ပါ။
ဖုန်း battery ကို ဖြုတ်ပြီး ပြန်တတ်ပါ။ volume up+home key+power ကိုနှိပ်၍ recovery mode ထဲသို့ ၀င်ပါ။
factory data reset နှင့် wipe cache လုပ်လိုက်ပါ။ ပြီးလျှင် reboot system now လုပ်လိုက်ပါ။
ဖုန်းကို ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးမှဖုန်းကိုပြန်ဖွင့်ပါ ပြန်တက်လာပြီဆိုရင် 4.0.4 နဲ့ လန်းနိုင်ပါပြီ
ဖုန်းအသစ်လေးပြန်ရပြီပေါ့ ပဲာပဲာ
Ref>>>
Ref>>>
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်