- ယခုအခါမှာ ကျနော်တို့ အနေနဲ့ ပြည်ပ ရောက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ Internet မှတစ်ဆင့် ဆက်သွယ်ပြောဆိုကြမယ်ဆိုရင် Viber ၊ Tango အစရှိသည့် App များကို အသုံးပြုပြီး ခေါ်ဆိုလေ့ရှိကြပါတယ်။ ဒီပို့စ်ကတော့ Skype ကို အသုံးပြုသလိုပါပဲ….Mebtalk2 ကိုသုံးပုံသုံးနည်းကိုတင်ပြပေးသွားမှာပါ။ ဈေးနှုန်းအားဖြင့် သက်သာ ပါတယ်။ ဒီ app ကို သုံးမယ်ဆို၇င်တော့ သက်ဆိုင်ရာ ဆိုဒ်မှာ Register လုပ်ဆောင်ပြီး ငွေဖြည့်ပေးထားရပါတယ်။ ဒီ app က Windows, IOS, Android,Symbian တို့အတွက် အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ မူရင်း ဆိုဒ်မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် ခေါ်ဆိုခ နှုန်းထားများကို လည်း ဖော်ပြပေးထားပါတယ်။ အောက်ပါ ပုံမှာ လေ့လာကြည့်နိုင်ပါတယ်။
- ဒီ App ကို အသုံးပြုချင်တယ် ဆို၇င်တော့ သူ့ရဲ့ မူရင်းလင့် ….. ဒီလင့် မှာ Register လုပ်ပေးရပါတယ်။ အောက်ပါပုံမှာ ပြပေးထားပါတယ်။
- အထက်ပါအတိုင်း Register လည်း လုပ်ပြီး… မိမိအသုံးပြုမယ့် Device အလိုက် လိုအပ်သော Software ကို ဒေါင်းပြီးသွားပါ ငွေဖြည့်ပေးဖို့တော့ လိုပါတယ်။ ငွေဖြည့်ကတ် ကိုတော့ ရန်ကုန်မှာ ဆို ၀ယ်ယူရတာ အဆင်ပြေနိုင်ပါတယ်။
- ကျနော် အခု ပုသိမ် မှာ ၀ယ်ယူနိုင်မယ့် လိပ်စာများကို ညွှန်းပေးလိုက်ပါတယ်။ ဒီ Facebook Page မှာလည်း အသေးစိတ် အချက်အလက်များကို ၀င်ရောက်မေးမြန်းနိုင်ပါတယ်။ အောက်မှာ ပုသိမ်လိပ်စာ ကို ဖော်ပြပေးလိုက်ပါတယ်။
IT STAR Computer,Mobile , Sales & Services
=> ဖုန်း- 042-21928, 042-24433, 095203049=> ဆိုင်(၁) အမှတ် (၂၄)၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့=> ဆိုင်(၂) အမှတ် (၁၁၊ခ)၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့
Ref>>>>http://myanmarplay.com/?p=2788
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်