Loading...
11/22/12

သမ္မတကြီး၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးခြင်းနဲ့ပက်သက်ပြီးတော့ အန်ကယ်တစ်ယောက်ရေးထားတဲ့ဆောင်းပါး

အမေရိကန်သမ္မတကြီးသည် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး၏ ဘိတ်ကြားချက်အရ
အလွတ်သဘော လာရောက်လည်ပတ်ခဲ့ပါသည်။
ဆင်းရဲသည်ဖြစ်စေ... ချမ်းသာသည်ဖြစ်စေ လာရောက်လည်ပတ်သည်ဆိုသည်မှာ
အိမ်ရှင်ကို ခင်မင်သဖြင့်လည်းကောင်း၊ မိတ်ဆွေဖြစ်သူအား တွေ့ဆုံလိုသဖြင့်လည်းကောင်း၊
ရှေးဟောင်းနှောင်းဖြစ်များကို ပြောကြားလိုသဖြင့်လည်းကောင်း၊ စီးပွါးရေးအခြေအနေများကို မေးမြန်းလို၍ လည်းကောင်း၊

လိုအပ်သည်များကို နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းများဖြင့် စောင်မလို၍လည်းကောင်း...၊
ဆင်းရဲနွမ်းပါးသူဖြစ်ပါကလည်း အကူအညီရယူနိုင်ရန်အတွက်လည်းကောင်း ဖြစ်ကောင်းဖြစ်ပါမည်။
အမေရိကန်သမ္မတကြီး၏ ခရီးစဉ်မှာမူ အကူအညီ ရယူရန် မဟုတ်ပါပဲ...
အကူအညီပေးနိုင်ရန် လာရောက်လည်ပတ်ခြင်းပင်ဖြစ်ပါသည်။
ထိုအထဲတွင် အိမ်ရှင်ကို ခင်မင်သဖြင့်လည်းကောင်း၊ မိတ်ဆွေဖြစ်သူအား တွေ့ဆုံလိုသဖြင့်လည်းကောင်း
လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပါသည်။
မစ္စတာ အိုဗားမား၏ အိမ်ရှင်သည် မည်သူဖြစ်ပါသနည်း......
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ( အောက်စ်ဖို့ ကျောင်းထွက်) ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ကြောင်း
သမ္မတကြီး၏ အမူအယာနှင့် ဆောင်ရွက်ချက်များအရ သိရှိ သုံးသပ်ရပါသည်...။
အမေရိကန်သမ္မတကြီးအပါအ၀င် အမေရိကန်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်အား
နိုင်ငံရေးဖြတ်သန်းမှု ခရီးစဉ်တလျှောက် အပြည့်အ၀ထောက်ခံခဲ့သူများပင်ဖြစ်ပါသည်။
ထို့ကြောင့် ဤသို့ အမေရိကန်သမ္မတကြီး လာရောက်လည်ပတ်မှုအတွက်
ဒေါ်အောင်ဆန်းစုကြည်အား အထူးပင်ကျေးဇူးတင်ပါသည် ခင်ဗျား.....။
ဤသို့ အမေရိကန်သမ္မတကြီး(ဟားဗတ်တက္ကသိုလ်ကျောင်းထွက်) လာရောက်လည်ပတ်နိုင်ရန်  ကူညီဆောင်ရွက်ပေးခဲ့သူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရိကလင်တန်( အောက်စ်ဖို့ ကျောင်းထွက်)၏  မြန်မာနိုင်ငံ၏ အခြေအနေ
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးတွင်ပါဝင် ဆောင်ရွက်နေမှုများအား  တိုက်တွန်း တင်ပြပေးခဲ့မှုများ...၊
နှိုးဆော်ပေးခဲ့မှုများသည်(၉၀)ရာနှုန်းခန့်ပါဝင်ပတ်သက်သည်ဟု ထင်မြင်ယူဆသဖြင့် မစ္စစ် ဟီလာရီကလင်တန်အားလည်း
အထူးပင်ကျေးဇူးတင်ပါသည်ခင်ဗျား.....။
မည်သို့ပင်ဆိုစေ ဧည့်သည်လာရောက်ခြင်းသည် အိမ်ရှင်အပေါ်တွင် သံယောဇဉ်ရှိခြင်း၊ မေတ္တာသက်ဝင်ခြင်းကြောင့်ဟု
ယူဆမိပါသည်။ ဤသို့ ဆိုလျှင် ဤခရီးစဉ်သည် သံယောဇဉ်အပြုံးပန်းများပွင့်လန်းသော မေတ္တာခရီးစဉ်ဟု အမည်တပ်ချင်ပါသည်။
သို့သော်.... အမေရိကန်သမ္မတကြီး သိနိုင် မသိနိုင်ကို မပြောကြားနိုင်သော်လည်း
သမ္မတကြီး၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအား
လွန်လွန်ကျူးကျူးပင် ၀င်ရောက် စွက်ဖက် လှုပ်ရှား ဆောင်ရွက်သွားခဲ့ကြပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုမျာအား ၄င်းတို့၏ အရှင်သခင် သမ္မတကြီး သိမည် မဟုတ်ဟု ကျွန်တော်ယူဆပါသည်။


မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်ပါသည်။
အမေရိကန်နိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်ပါသည်။
ကြီးသည် ငယ်သည်၊ ဆင်းရဲသည် ချမ်းသာသည်ကို အပထား၍ တန်းတူဆက်ဆံရေးသည်ပင်
ဒီမိုကရေစီ အခွင့်အရေး မဟုတ်ပါလားခင်ဗျာ။
လုံခြုံရေး စိတ်မချနိုင်သော နိုင်ငံဖြစ်နေပါကလည်း လာရောက်လည်ပတ်ရန် မသင့်ဟု ထင်မြင်ယူဆပါသည်။
လုံခြုံရေး စိတ်ချရသဖြင့် လာရောက်လည်ပတ်သည်ဆိုလျှင်လည်း နိုင်ငံတစ်နိုင်ငံ၏ သီးခြားဆောင်ရွက်ခွင့်အာဏာအား
ဝင်ရောက် စွက်ဖက်ရန် မသင့်ဟု ယူဆပါသည်။
အမေရိကန်နိုင်ငံသားများသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီးဖြစ်သော
၎င်းတို့၏ နိုင်ငံခေါင်းဆောင်အား လေးစားသလို
ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည်လည်း အသွင်သစ် အမြင်သစ်ဖြင့် အားကုန်ထုတ်၍ ကြိုးစားဆောင်ရွက်ပေးနေသော
တစ်နည်းအားဖြင့် ပြာပုံထဲမှ ရုန်းထရန် အစွမ်းကုန်ဆောင်ရွက်နေသော ကျွန်တော်တို့၏ သမ္မတကြီးကို ၄င်းတို့လေးစားသည်ထက်ပင်
ပို၍လေးစားပါသည်ခင်ဗျာ.....။
သမ္မတကြီးနှင့် ထပ်ထူပင် အတူပူးပေါင်းဆောင်ရွက်ပေးနေသော၊ မြန်မာနိုင်ငံကို ကမ္ဘာသို့ ဆွဲယူ ခေါ်ဆောင်သွားသော
ကောင်းမွန်သော ခရီးလမ်းကို အပင်ပန်းခံ၍ အတူလျှောက်လှမ်းပေးနေသော
ဒေါ်ဆန်းစုကြည်ကိုလည်း သမ္မတကြီးကဲ့သို့ပင် လေးစား ကျေးဇူးတင်ရှိပါသည်ခင်ဗျား....။
ဤသို့ဆိုလျှင် ဒီမိုကရေစီ၏ စံပြုဖခင်ကြီးဖြစ်သော အမေရိကန်၏ လုံခြုံရေး ၀န်ထမ်းများသည် မည်သည့်အတွက်ကြောင့်
မြန်မာနိုင်ငံ၏ စီမံဆောင်ရွက်ခွင့်အာဏာကို ၀င်ရောက်ခြယ်လှယ်ခဲ့ပါသနည်း....။ အကြောင်း(၃)ရပ်ရှိသည်ဟု အကြမ်းဖျင်း
ထင်မြင်ယူဆမိပါသည်-
(က) ယခင်(၁၉၈၃)ခုနှစ်တွင် ဖြစ်ပွါးခဲ့သော အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုကြောင့်....။
(ခ)   မကြာမီက ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အရေးကြောင့် အစွန်းရောက်များ၏ တိုက်ခိုက်နိုင်မှု သံသယကြောင့်.....။
(ဂ)  အစဉ်တစိုက် ဆက်ဆံရေး အဆင်မပြေခဲ့သော မြန်မာအစိုးရများအပေါ် သင်္ကာမကင်းခြင်းကြောင့်....။
အမှန်တကယ်လုံခြုံရေး သံသယရှိလျှင် သမ္မတကြီးသည် လာရောက်လည်ပတ်မည် မဟုတ်ပါ.... အလွန်ပင်သေချာပါသည်။
ဤသို့ဆိုလျှင် ဤဆောင်ရွက်ချက်များသည် သမ္မတကြီး၏ ညွှန်ကြားချက် မဖြစ်နိုင်ပဲ... ဌာန၏ အစီအစဉ်သာ ဖြစ်ပါလိမ့်မည်...။

သေသေချာတွေးကြည့်လျှင် ၄င်းတို့၏ လုံခြုံရေး စိစစ်ဆောင်ရွက်ချက်များသည် အလွန်ပင် လစ်ဟာနေကြောင်း တွေ့ရှိရပါသည်။


လုံခြုံရေး ဆောင်ရွက်မှု အခြေအနေများအား အထက်ပါ စက်ဝိုင်းပုံဖြင့် ရှင်းလင်း တင်ပြပါမည်....။
-    အလည်မှ တြိဂံလေးသည် လုံခြုံရေး ဆောင်ရွက်ရသူ လူပုဂ္ဂိုလ်(သို့မဟုတ်)ပစ္စည်း (သို့မဟုတ်) စာရွက်စာတမ်းအား အနီးကပ်
လိုက်ပါစောင့်ရှောက်ရသော အဖွဲ့၊ အနီးကပ်လုံခြုံရေး (သို့မဟုတ်) သက်တော်စောင့် ပင်ဖြစ်ပါသည်။
-  အနီရောင်စက်ဝိုင်းသည် လုံခြုံရေး ဆောင်ရွက်ရသူ လူပုဂ္ဂိုလ်(သို့မဟုတ်)ပစ္စည်း(သို့မဟုတ်) စာရွက်စာတမ်း တည်းခို နေထိုင်ရာ
(သို့မဟုတ်)လှည့်လည် သွားလာရာတွင် အနီးကပ်အဖွဲ့၏ အပြင်ဘက်မှ လိုက်ပါစောင့်ရှောက်ရသော အဖွဲ့ဖြစ်ပါသည်။ အခေါ်အဝေါ်
အားဖြင့် အတွင်းစည်းဟု ခေါ်ပါသည်။
-  အ၀ါရောင် စက်ဝိုင်းသည် လုံခြုံရေး ဆောင်ရွက်ရသူ လူပုဂ္ဂိုလ်(သို့မဟုတ်)ပစ္စည်း(သို့မဟုတ်)စာရွက်စာတမ်း တည်းခိုနေထိုင်ရာ
(သို့မဟုတ်) လှည့်လည် သွားလာရာတွင် အတွင်းစည်းအဖွဲ့၏  အပြင်ဘက်မှ လိုက်ပါစောင့်ရှောက်ရသော အဖွဲ့ဖြစ်ပါသည်။ အခေါ်
အဝေါ်အားဖြင့် အပြင်စည်းဟု ခေါ်ပါသည်။
-  အညိုရောင် စက်ဝိုင်းသည် လုံခြုံရေးဆောင်ရွက်ရသူ လူပုဂ္ဂိုလ်(သို့မဟုတ်)ပစ္စည်း(သို့မဟုတ်)စာရွက်စာတမ်း တည်းခိုနေထိုင်ရာ
(သို့မဟုတ်)လှည့်လည် သွားလာရာတွင် အပြင်စည်းအဖွဲ့၏ အပြင်ဘက်မှ ခြုံငုံ စောင့်ရှောက်ရသော အဖွဲ့ဖြစ်ပါသည်။ အခေါ် အဝေါ်
အားဖြင့် အဝေးစည်းဟု ခေါ်ပါသည်။
-  အနီရောင် အစက်ကလေးများသော စက်ဝိုင်းသည် ထောက်လှမ်းရေးအကာအကွယ်...၊ နည်းပညာအကာအကွယ်နှင့် အရေးပေါ်
ကယ်ဆယ်ရေးနှင့် အထူးချေမှုန်းရေးဟူသော မျက်ကွယ် လုံခြုံရေး အဖွဲ့များပင် ဖြစ်ပါသည်။

ယခု သမ္မတကြီး၏ လုံခြုံရေးအဖွဲ့များသည် သတင်းဓါတ်ပုံများတွင်တွေ့မြင်ရသည့်အတိုင်း မျက်မြင်လုံခြုံရေးစစ်ဆေးခြင်းနှင့်မိုင်းရှာ
ခွေးများနှင့် မိုင်းရှာ ကိရိယာများအား အသုံးပြု၍  စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
၎င်းအဖွဲ့ ၀င်များ ဤသို့ ရှာဖွေ စစ်ဆေးဆောင်ရွက်ရာတွင်  အိမ်ရှင် မြန်မာ့လုံခြုံရေး အဖွဲ့များအား ထည့်သွင်း အသုံးပြုသွားခြင်းမရှိ
ကြောင်းတွေ့မြင်ရပါသည်။ အလွန်ပင် အထင်အမြင်သေးသည့် သဘောနှင့် ဂရုမစိုက်ခြင်းသဘောများကို တွေ့မြင်ခဲ့ရပါသည်။
ဤသို့ ဆောင်ရွက်နေမှုများကိုလည်း အမေရိကန်သမ္မတကြီး သိမည်မဟုတ်ဟုပင် ထင်ပါသည်။

ထို့ထက်ဆိုးရွားသော ဆောင်ရွက်ချက်မှာ သမ္မတကြီးကို ကြိုဆိုသော
ဂုဏ်ပြုတပ်ဖွဲ့အား ခန္ဓာကိုယ် စစ်ဆေးခြင်း ဆောင်ရွက်မှုပင် ဖြစ်ပါသည်။
အလွန်ပင် မဖြစ်သင့်သော ဆောင်ရွက်ချက်များ ဖြစ်ပါသည်။
ဂုဏ်ပြုတပ်ဖွဲ့ဝင်ဆိုသည်မှာ......

ဆက်လက်ဖော်ပြပါမည်.......
ဆက်လက်ပြီးတော့ ဖတ်ရှုလိုပါက 
http://friendsmyanmar.org/profiles/blogs/4557204:BlogPost:2145620

0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP