Loading...
11/29/12

Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း

ပထမဆုံးအနေနဲ့ ဖုန်းရဲ့
Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
အဲ့ဒါက ဖောင့်အတွက်ပါ ။
ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။
သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။
Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။ အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ
Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာကီးဘုတ် ကိုရွေးပေးပါ ။
Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း
ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။
မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။
အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။
 
Download>>>mediafire (or)freehostina (or)zshare
Ref>>>http://myanmarplay.com/?p=3901

6 မှတ်ချက်များ:

  1. ကျွန်တော် Galaxy SII I9100 Jellybeam 4.1.2 တင်ထားတယ် Browser မှာ မြန်မာလို မပေါ်လို့ ဘယ်လိုလုပ်ရမလဲ ပြောပေးပါဦး။
    Root တော့ မလုပ်ချင်ဘူး။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
    Replies
    1. root မလုပ်လို့မရပါကျနော်လည်း.s.2.သုံးပါတယ်rootလုပမှအဆင်ပြေသွားပါတယ်

      ဒါတောင်အလုံးစုံအဆင်ပြေခြင်းမဟုတ်ပါဘူးတချို့စာတွေကပြောင်ပြန်တွေတွေ့ရတယ်

      Delete
  2. အားလုံးအစဉ်ပြေပါတယ်။
    ကျေးဇူးတင်ပါတယ်။


    ReplyDelete
  3. ကျွန်တော့်Galaxy က Galaxy Note 10.1 (Android 4.0.4) ပါ။ Rooting လည်း လုပ်ထားပြီးပါပြီ။ ကျွန်တော် အပေါ်က ပြောတဲ့အတိုင်းလုပ်တာ Facebook မှာတော့ မြန်မာလို မြင်ရပါပြီ။ ဒါပေမယ့် တချို့ မြန်မာ Website တွေက ဖတ်မရသေးဘူးခင်ဗျာ။ ဥပမာ Elevenmediagroup မှာ ဆိုရင် မြန်မာစာက လုံးဝမပေါ်တာနဲ့၊ Thitoolwin ဆိုရင် လေးထောင့်ကွက်တွေ မြင်နေရတာနဲ့ ဖြစ်နေပါတယ်။ ဒီ APK တွေ မထည့်ခင် အရင့်အရင် ဟာတွေ စမ်းကြည့်တော့လည်း အဲဒီလိုပဲဖြစ်နေပါတယ်။ အဲဒါ Setting ထဲမှာ တစ်ခုခုများ လုပ်စရာ ကျန်သေးသလားလို့၊ ကျွန်တော်လည်း High Tech တွေ သိပ်နားမလည်တာနဲ့ ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်ခင်ဗျာ။

    ReplyDelete
  4. ကျွန်တော် ကတော့ တစ်ခြားလူတောင်းလို့ အစ်ကို site ပို့ပေးလိုက်တယ် အစ်ကို ဒီထက်မက အောင်မြင်ပါစေ

    ReplyDelete


ကျေးဇူးတင်ပါတယ်

Labels

 
TOP