![]() |
| Touch ID လက်ဗွေလုံခြုံရေးစနစ်အား ထိုးဖောက်နိုင်ကြောင်း သရုပ်ပြနေစဉ် |
Apple ဟာ မျိုးဆက်သစ် iPhone 5s မှာ လက်ဗွေလုံခြုံရေး စနစ်ကို ထည့်သွင်း ပေးထားခဲ့ပေမဲ့ Official Release လုပ်ပြီး ၂ရက် အတွင်း မှာ Chaos Computer Club (CCC) ရဲ့ biometrics hacking team ဟာ ၄င်း လက်ဗွေလုံခြုံရေး စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။
"iPhone 5s ရဲ့ မျက်နှာပြင်ပေါ်က ပိုင်ရှင်လက်ဗွေရာ ရှိရုံနဲ့ iPhone 5s ရဲ့ Touch ID Sensor ကို ကို ဖောက်ထွက်ဖို့ လုံလောက်ပါပြီ။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လက်ဗွေလုံခြုံရေး စနစ်ကို အသုံးပြုဖို့ မသင့်တော်တဲ့ အတွက် ရှောင်ကြဉ်သင့်တယ်"လို့ ဆိုထားပါတယ်။
Apple အနေနဲ့ ကတော့ ယခု iPhone အသစ်မှာပါတဲ့ လက်ဗွေလုံခြုံရေး စနစ်ဟာ အရင်က လက်ဗွေလုံခြုံရေး စနစ်တွေထက် ပိုမို ကောင်းမွန်အောင် ယခုလက်ရှိ နိုင်ငံတကာ နည်းပညာတွေ ထက် ပိုမို ခက်ခဲတဲ့ နည်းပညာကို ရက် အတန်ကြာအောင် ဖန်တီးခဲ့တာလို့ သိရပါတယ်။
" အမှန်တကယ်တော့ Apple အနေနဲ့ Touch ID Sensor အခြား Sensor တွေထက် Resolution ပိုမြင့်အောင်လုပ်ထားတာပါပဲ။ ကျွန်တော်ကလည်း Touch ID ကို ပိုမြင့်တဲ့ Resolution ကို အတုလုပ်ဖန်တီးပေးဖို့ပဲ လိုပါတယ်" လို့ Fingerprint Lock ကို အောင်မြင်အောင်စမ်းသပ်ထားတဲ့ Starbug အမည်ရတဲ့ Hacker....
စာရေးသူ၏ အချိန်နှင့် စေတနာကို စာနာနားလည်ပေးရန် သာမျှော်လင့်ပါသည်။ ဗဟုသုတ တိုးပွားကြပါစေ။
Like Us On Facebook >> www.facebook.com/TechMilo

0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်