(ဆေးမစားမီပုံ)
(ဆေးစားပီးပုံ)
တခြားသူတွေလည်း ကိုယ့်လို အဖြစ်မျိုးကြုံနိုင်တဲ့အတွက် ပို့ စ်တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ်။
တကယ်ဖြစ်လာရင်တော့ ဘာမှစိတ်မပူလိုက်ပါနဲ့ ။ဖြေရှင်းနည်း လည်းရှိပါတယ်။ဒီနေ့ တော့ တကယ်ကိုတိုင်ပတ်တဲ့နေ့ ပါပဲ။
ဖုန်းက iphone 5,version 6.1(Jail) ပါ။တခြားဖုန်းတွေလည်းဖြစ်နိုင်ပါတယ်။
ဘာ error လို့ ပြောရမလဲတော့မသိဘူး ပုံမှာကြည့်ကြပေါ့။Display Error ဖြစ်တာလို့ 
ပဲ error ခေါင်းစဉ်တက်လိုက်တော့မယ်။ဖုန်းက အောက်လည်းပြုတ်မကျပါဘူး။
ဖြစ်ပုံကဒီလို။ကိုယ်က အင်တာနက်သုံးချင်လို့  3G on လိုက်တယ် 3G လိုင်းကတက်
မလာ။အိမ်ထဲမှာပဲ 3G လိုင်းမိနိုင်တဲ့ နေရာတွေနားသွားတယ်။တော်တော်နဲ့ လိုင်းမတက်။
ဒါနဲ့  ဖုန်းများ ကြောင်တာလားမသိဘူး ဆိုပီး power off ပီး ပြန်ဖွင့်။အဲ့မှာတင်ပဲ ဂွမ်းတော့
တာပဲ။Screen ကတော့ ပုံမှာပြတဲ့အတိုင်းပေါ်လာတော့တာပဲ။(အဓိက တရားခံ ကတော့
"မပုတု" လို့ ခေါ်ကြတဲ့ MPT ကြောင့်ပဲ....ကြုံတုန်းလေးMPT ကိုကြိမ်းလိုက်ဦးမယ်[မေ* -ိုးလေး]
**ဒီပို့ စ်ကနေပီးတော့ ကျွန်တော့ကိုတက်နိုင်သလောက်ကြိုးစားပီးဖြေပေးတဲ့ MMUGအဖွဲ့ သားအားလုံးကိုကျေးဇူးတင်ပါတယ်
လို့ ပြောချင်ပါတယ်။**
ကိုယ်လည်းမလုပ်တတ်တာနဲ့  MMUG မှာ အကူညီတောင်းလိုက်ပါတယ်။သူတို့ လည်း
ကြိုးစားပီးဖြေပေးတာပဲ။ဒါပေမဲ့ အဆင်မပြေဘူးဖြစ်တာပေါ့။respring,hard restart,reboot,power off,safe mode
တွေလည်းမကယ်နိုင်တော့ဘူး။နောက်ဆုံး သူလေးကိုသတိရသွားတယ်။ဘူလဲဆိုတော့ Semi Restore လေးပေါ့။ဆိုင်ပို့ ရမဲ့အတူတူစွန့် စားကြည့်
တာပေါ့ဆိုပီး Semi Restore လုပ်လိုက်တယ်။အိုကေသွားတာပေါ့။လုပ်လိုက်တဲ့အတွက် တော်တော်လေးကို
ကောင်းကျိုးတွေရလာတယ်။ဘာလဲဆိုတော့....အနော့ဖုန်းက ringtone သွင်းမရတာကြာပီ။အခုတော့ringtone လည်းသွင်းလို့ ရသွားပီ။ပီးတော့ jail ထားတဲ့ ဖုန်းအချို့ မှာ ဝယ်ကတည်းကပါလာတဲ့oringinal weather ကဖွင့်မရတာများတယ်။အခုတော့ weather လေးလဲဖွင့်လို့ အိုကေသွားတယ်။Semi Restore လုပ်လိုက်တဲ့အတွက် Data တွေပြန်ထည့်ရတာကတော့နည်းနည်းရှုပ်တာပေါ့။
ဒါပေမဲ့လည်း တစ်ခွန်းပဲပြောလိုက်တော့မယ်။" သိပ်ချစ်သွားပီ Semi ရယ်.....မွမွ :D "
ဘာပြဿနာပဲကြုံလာကြုံလာဆိုင်ကိုတန်းမပြေးပါနဲ့ ။တစ်ချို့  error တွေက သိတဲ့သူတွေကိုမေးရင်ရနိုင်တဲ့ဟာလေးတွေပါ။
Semi Restore လုပ်နည်းလေ့လာရန်
ရေးသားသူ---ခေတ်သမိုင်း


0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်