ဒီပိုစ့်နဲ့ပက်သက်ပြီး အရင်ဆုံး
ကိုကျောက်ဒိုး Credit ပေးပါတယ် ၀င်ပြီးတော့ Like ခြင်းဖြင့်လည်းအားပေးပါ
၁။ www.zbigz.com ကို သွားပါ။
၂။ အကောင့် လုပ်လိုက်ပါ။ free user ပေါ့။ free user လုပ်ထားမယ်ဆိုရင် torrent ဖိုင်နှစ်ခုကို တစ်ခါတည်းဒေါင်းခွင့်ရှိတယ်။ မလုပ်ထားရင်တော့ တစ်ခုတည်းပဲ ရပါလိမ့်မယ်။
၃။ upload torrent ဆိုတဲ့နေရာကို နှိပ်ပြီး ကိုယ့်စက်မှာဒေါင်းထားတဲ့
torrent ဖိုင်လေးကို ရွေးပေးလိုက်။ ပြီးရင် Go ကို ဆက်နှိပ်လိုက်ရင် Free
နဲ့ Premium ဆိုတာလေးပေါ်လာမယ်။ Free ကို ဆက်နှိပ်
၎။ Free
ကိုနှိပ်ပြီးသွားရင်တော့ torrent ဖိုင်လေးကို zbigz က အလုပ်လုပ်နေပါပြီ။
ခဏလောက်စောင့်ပါ။ အဲဒီမှာ ကိုယ်ဒေါင်းထားတဲ့ torrent ဖိုင်လေးရဲ့
ကျန်းမာရေးက စကားပြောပါပြီ။ ကျန်းမာရေးမကောင်းတဲ့ torrent ဖိုင်က
ဒေါင်းဖို့ အသင့်အနေအထားကိုရောက်လာဖို့
တော်တော်ကိုကြာတတ်ပါတတယ်။ ကျန်းမာရေးကောင်းတယ်ဆို 1 မိနစ်လောက်နဲ့
ပြီးသွားပေမယ့် မကောင်းဘူးဆိုရင်တော့ ၁ ရက်လောက် စောင့်လည်း
ဒေါင်းဖို့အနေအထားကိုရောက်မှာ မဟုတ်သေးပါဘူး။
၅။ ဒေါင်းဖို့အသင့်ဖြစ်သွားရင်တော့ Zip/ Download ဆိုတဲ့နေရာလေးကို နှိပ်လိုက်ရင် IDM လေးက တက်လာပြီး စတင်ဒေါင်းမှာဖြစ်ပါတယ်။
(မှတ်ချက်။ ။ ကိုယ်ဒေါင်းတဲ့ဖိုင်လေးက မပြီးမချင်း zbigz မှာ
တင်ထားတဲ့ torrent ဖိုင်လေးကို မဖျက်ပစ်လိုက်ပါနဲ့၊ ဖျက်ပစ်လိုက်ရင်
နောက်တစ်နေ့မှာ IDM က resume လုပ်ဖို့ အခက်အခဲရှိလာမှာဖြစ်ပါတယ်၊ အဓိက
အရေးအကြီးဆုံးကတော့ firefox သုံးခဲ့တယ်ဆိုရင် firefox addon မှာ IDM က
Enable ဖြစ်နေဖို့လိုပါတယ်။ မဖြစ်ခဲ့ဘူးဆိုရင်တော့ firefox နဲ့
ဒေါင်းမှာဖြစ်လို့ပါပဲ။ ဒါပေမယ့် firefox နဲ့ဒေါင်းလည်း ကွိုင်တော့
မရှိပါဘူး။ firefox နဲ့ ဒေါင်းမိတဲ့အခါ ဒေါင်းနေတဲ့ဖိုင်ကို right click
နှိပ်ပြီး copy download link ကို နှိပ်ပြီး IDM မှာ add
သွားလုပ်ပေးလိုက်ရင်လည်း ရတာပါပဲ၊)
တစ်ကယ်လို့များ အဆင်မပြေတာ၊
IDM နဲ့ resume လုပ်လို့မရတာ၊ 6GB လောက်ကြီးကို ဒေါင်းနေတုန်း
အလယ်လောက်ရောက်မှ ရပ်သွားမျိုးရှိခဲ့ရင် ကျွန်တော့်ကို မေးပါ။
ပြောပြပါ့မယ်။
အဆင်ပြေခဲ့တယ်ဆိုရင်လည်း ကျွန်တော်ရဲ့ Page လေးကိုလည်း Like လုပ်ကြပါဦးဗျာ။ လူက တော်တော်ကိုနည်းနေလို့ပါ။
(ကျောက်ဒိုး)
သူအကြောင်းကိုတော့ကိုနေမင်းမောင်ဆိုဒ်ကနေကူးလာတာပါ
ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကို Torrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့ချလို့ရမဲ့နည်း
လမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ Torrnet ဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိ
ကြမယ်လို့ထင်ပါမယ်..။အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာ
လို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို Torrent ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update ကိုမရ
ရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်။ဒီလို Torrentဆိုဒ်တွေကိုတော့ကွန်
ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူး
သုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံးတက်သွားပါလိမ့်မယ်..ကျွန်တော် Torrentဆိုဒ်တွေကိုရောက်ရင်
Software တစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေကြည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာကိုရှင်းပြပေးသွား
ပါမယ်..။
1.ကျွန်တော် http://www.kat.ph/ ကိုမှာ Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာ
တစ်ခုထားပြီးရှင်းပြပေးသွားပါမယ်...။အ၇င်ဆုံး http://www.kat.ph/ ကိုသွားလိုက်ပါ..။
2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် Internet
Download Manager လို့မရိုက်ပဲဘာလို့ IDM လို့ရိုက်ရှာသလဲဆိုတော့ Torrent ဆိုဒ်တွေမှာရှာတဲ့အခါ
မိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ
လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..


အပေါ်ကပုံအတိုင်း IDM နဲ့ဆိုင်တဲ့ Software တွေ Version အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလ်မျိုး
ကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။
1.အရင်ဆုံး တစ် အချက်မှာ Software ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 months
လို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့ Software က Update ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။
တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီ
ဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။
2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ်
ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်
ပါတယ်..။
3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ
များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..
4.နောက်ဆုံးတစ်ချက်ကတော့ Software တွေကိုဒေါင်းလော့မချခင် Comment တွေကိုဖတ်ကြည့်ပါ..။အများ
ကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ perfect ၊ working fine!
very good တိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင်
မပြေတာတို့ Virus လို့ပြောတာတို့ It Is not working တို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအ
ကောင်းဆုံးပါပဲ..။အဲ့ဒီလို Comment ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။
5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်
တော့ Download Torrent ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent
Downloader ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ
မဟုတ်ပါဘူး..။ဘယ် Torrent ဆိုဒ်မဆို Download Torrent ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေး
တွေနဲ့လဲပြထားပေးပါမယ်..။



CVV2 Code:
ReplyDeleteZip Code:
ဒီကုတ်တွေ တောင်းတယ်ဗျ...ဘာထည့်ရမလဲ မသိဘူး...နောက်ပြီး postal code ကရော ဘာလဲမသိဘူး....သိရင်ပြောပါအုံးနော်...
ပညာတွေရတယ်ဗျာ၊စမ်းကြည့်ဦးမယ်၊မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ခုမှလေ့လာခါစဆိုတော့ ကွန်ပျုတာတစ်ခုခုဖြစ်ရင် စိတ်ဓါတ်ကျမိတယ်၊ခင်ဗျားတို့ဆိုက်တွေ ဝင်လေ့လာမိမှ အားကိုးစရာရှိတယ်လို့ခွန်အားတွေရတာပေါ့ဗျာ၊ဝင်ကြည့်ဖြစ်တာတွေမှာ ခင်ဗျား နဲ့ ကိုဝင်းကမ္ဘာကျော် အများဆုံးပဲ၊ယူသွားတာလဲအများဆုံးပဲ၊Comment ရေးရင် ရှည်ရှည်ရေးတာတော့ခွင့်လွတ်ပါ၊ဒေါင်းလို့ရတဲ့ဆော့ဖ်ဝဲ တစ်ချို့မှာ Key ဖိုင်ဖွင့်မရတာ၊ဘာမှပါမလာတာတွေဖြစ်တယ်၊အိုင်ဒီအမ် က Server cannot find this IP တို့ဖြစ်တတ်တယ်၊အိုင်ဒီအမ် Option လေးတွေအသေးစိတ်တင်ပေးပါဦး၊မမြင်တွေ့ဘူးကြပေမယ့် ကျေးဇူးတင်မိရင်းခင်မင်ရပါတယ်၊ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။
ReplyDelete