ပြီးခဲ့တဲ့ ရက်တွေက iOS 7 တင်ခဲ့ ကြတဲ့ သူတွေ မှာ ပြဿလေးတွေ ကြုံတွေ့ တယ်လို့ သိရပါတယ်။
အဓိက ကတော့ iPhone 4 သမား Keyboard ပြဿနာ ဖြစ်ကြတာလေးပါ။ အဲ့ဒီတော့ iOS 7 ဟာ Bugs ရှိနေတဲ့ အတွက် ကျွန်တော်တို့ ဟာ ခဏတဖြုတ် အလှခံစားပြီး ပြန်ဆင်းချင်လာ ကြပါတယ်။
ကျွန်တော့် အနေနဲ့ ကတော့ iOS 7 တင်ထားတဲ့ မိတ်ဆွေ တို့ကို ဆင်းပါ လို့ မတိုက်တွန်းလိုပါဘူး။ အကယ်လို့ မိမိ တစ်စုံ တစ်ရာ မနှစ်သက်ခဲ့ သည် ရှိသော် တစ်ချိန် မှ သင့် အတွက် ဒါလေးက အသုံးဝင်ပါလိမ့်မယ်။
အကယ်လို့ သင် iOS 6 ကို ပြန်ဆင်း ချင်တယ်ဆိုရင်တော့ ဒီနည်း လမ်းဟာ အရမ်းကို လွယ်ယူပါတယ်။
Hack တာလဲ မပါဝင်ပါဘူး။ သင့်မှာ သင် iOS 6 ကို ဆင်းချင်တဲ့ iDevice နဲ့ iTunes အပြင် သင် Download ဆင်းချင်တဲ့ မိမိ Device နဲ့သက်ဆိုင်တဲ့ iOS 6 ရဲ့ နောက်ဆုံး IPSW firmware ရှိရင် ရပါပြီ။ ကဲ ဒီတော့ ကျွန်တော်တို့ စလိုက် ကြရအောင်..
Downgrading to iOS 6 (from iOS 7)
အဆင့် (၁)
သင့် iDevice အတွက် Downgrade ဆင်းဖို့ လိုအပ်တဲ့ IPSW Frimware ကို Google ကနေ ရှာဖွေပါ။ Security ကြောင့် မို့လို့ ရယ် ၊ iDevice က ရွေးရ ဦးမှာ မို့လို့ ကျွန်တော့် အနေဲ့ နဲ့ Direct Link ချမပေး နိုင်တာ နားလည်ပေးပါ။
ကျွန်တော့ အနေနဲ့ ကတော့ iPhone 5 ကနေ့ စမ်းပြပါ့မယ်။ iOS 7 မတိုင်ခင် iOS 6 ရဲ့ နောက်ဆုံး Version က iOS 6.1.4 ဆိုတော့ ကျွန်တော့ အနေနဲ့ Google မှာ အောက်ပါအတိုင်း ရိုက်ထည့်ပြီး ရှာလိုက်တယ်။ “iPhone5,2_6.1.4_10B350_Restore.ipsw” ဆိုပြီးတော့ ပေါ့။
အကယ်လို့ သင့်ဟာ ဘယ်လို လုပ်ရမလဲ ဆိုတာ မသိရင်တော့ " Download Latest iOS 6 IPSW firmware Of iPhone 4S" စသည်ဖြင့် သင့် Device အတွက် Google မှာ ရှာ ဖွေ Download ပြုလုပ်နိုင်ပါတယ်။
အဆင့် (၂)
သင့်ရဲ့ Latest iOS 6 IPSW Firmware ဒေါင်းလို့ရပြီဆိုရင်တော့ Desktop ပေါ်ဖြစ်ဖြစ် ခဏရွှေ့ပြီးတော့ သင့် ရဲ့ Mac ဒါမှ မဟုတ် PC က iTunes ကို ဖွင့်လိုက်ပါ။
စားရေးသူရဲ့ အချိန်နဲ့ စေတနာကို နားလည်ပေးပါ။ သင် ဗဟုသုတတွေ အများကြီး ရပါလိမ့်မယ်။
Like Us On Facebook >> https://www.facebook.com/TechMilo
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်