Loading...
9/22/13

September 23 ရက်နေ့ ထွက်မည့် Microsoft Surface 2 Tablet အကြောင်း တစ်စေ့ တစ်စောင်း

 https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/1234187_467944486638203_1539467052_n.jpg

Microsoft အနေနဲ့ New York မှာ September 23 ရောက်ရင် 2nd Generation Surface Tablet ကို ပွဲထုတ်ပြသမှာ ဖြစ်ပြီး Windows RT နဲ့ Pro model တွေ အတွက်လဲ Update တွေ ပါရှိဦးမယ်လို့ သိရပါတယ်။

အားလုံးပဲ သိကျ တဲ့ အတိုင်း ကုမ္ပဏီ အများစုဟာ ပစ္စည်းသစ်တစ်ခုကို ပွဲထုတ်မယ်ဆိုရင် သူတို့ ကြော်ငြာတဲ့ နေ့ရောက်မှပဲ ပစ္စည်းအကြောင်းကို သိရပါတယ်။ ဒါပေမဲ့ Microsoft မှာတော့ အဲ့လို မဟုတ်ပါဘူး။ ပစ္စည်း တစ်ခု ထုတ်မယ်လို့ ကြားရင် Official မဟုတ်သေးပဲ ပစ္စည်း အကြောင်းက အရင် ပြန့်နှံ့နေပါတယ်။ အခုလဲ မနက်ဖြန်မှ ထွက်မဲ့ Microsoft ရဲ့ 2nd Generation Surface Tablet ဟာ သူ့ ရဲ့ Data တွေ အားလုံး Internet ပေါ်မှာ ပြန်နှံ့နေပါပြီ။ ကဲ အားလုံးပဲ အသေးစိတ် လေ့လာလိုက်ကြ ရအောင်။

Surface 2 RT ၏ Specification များ

Microsoft ထုတ်ကုန်များကို စောင့်ကြည့် ဖော်ပြလေ့ ရှိသည့် WinSuperSite.com ကတော့ အသစ်ထုတ်လာမဲ့ RT tablet ကို Surface 2 လို ခေါ်ဆိုမှာ ဖြစ်ပြီး Tegra 4 processor ကို အသုံးပြုထားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ နောက်ပြီး Battery ကြာရှည်စွာ အသုံးခံအောင်နှင့် Performance များကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲထားတယ်လို့ ပြောဆိုထားပါသေးတယ်။

ထို့အပြင် ယခုလက်ရှိ Surface Pro Tablet မှာသာ အသုံးပြုထားတဲ့ 1920x1080 resolution ကို Surface 2 မှာ အသုံးပြုထားတဲ့အပြင် ClearType full HD display နဲ့လည်း တည်ဆောက်ထားတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၄င်းရဲ့ အလျားဟာ ၁၀.၆ လက်မ ရှိပါလိမ့်မယ်။

အသေးစိတ် ပြောရရင် Battery အနေနဲ့ 8 နာရီထိ ခံပါလိမ့်မယ်။ အထူအနေနဲ့ ၀.၃၇ လက်မ (9.3 mm) ရှိမှာ ဖြစ်ပြီး 1.5 ပေါင် (680 grams) အလေးချိန် ရှိမယ်လို့ သိရှိရပါတယ်။

အခုထွက်မဲ့ Surface RT အနေနဲ့ 32GB နဲ့ 64GB နှစ်မျိုး စလုံး ရနိုင်မှာဖြစ်ပါတယ်။

Feature အသစ်အနေနဲ့ Postition ကို landscape mode နဲ့ portrait mode  အနေနဲ့ ထားနိုင်မယ်လို့ သိရပါတယ်။
 အခြားသော feature အနေနဲ့ကတော့ Vapor Magnesium case, front- and rear-facing cameras, Bluetooth 4.0, WiFi, USB 3.0, microSD card support, HD video-out port တို့ အပြင် windows RT 8.1 ကို အသုံးပြု မှာဖြစ်ပြီး Office Home နဲ့ Student 2013 RT ကို ကြိုတင်ထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။

Surface 2 ကို အဖြူရောင် ထုပ်ဦးမယ်လို့ သိရတဲ့ အပြင် ဈေးနှုန်းကို နဂို လက်ဟောင်း Surface အတိုင်း 32Gb အတွက် $499 (€369) နဲ့ 64GB အတွက် $599 (€442) ကျသင့်မယ်လို့ သိရပါတယ်။
အကယ်လို့ Microsoft ဟာ အရင်လို Discount ချပေးခဲ့မယ် ဆိုရင် Surface 2 ဟာ $349.99 (€260) လို့လဲ ဆိုထားပါတယ်။


ကဲ Microsoft 2nd Generation Surface RT Tablet ကို spec sheet အနေနဲ့ ကြည့်မယ်ဆိုရင်-

Chipset: Nvidia Tegra 4
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 8 hours
Weight: 1.5 pounds (680 grams)
Thickness: 0.37 inches (9.3 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear
Colors: black, white
Storage: 32GB and 64GB
OS: Windows RT 8.1
Software: Office Home & Student 2013 RT, Outlook RT, Bing apps
Pricing: $499 (€369) for the 32GB model and $599 (€442) for the 64GB version

 ပဲဖြစ်ပါတယ်။



Surface 2 Pro ၏ Specification များ


Surface Pro 2 ဟာ အားလုံးထက် ကောင်းမွန်အောင် အထူးပြင်ဆင်ထားပါတယ်။
အထူးခြားဆုံးက RAM GB အထိမြင့်နိုင်ပြီး...

Surface 2 Pro အကြောင်း အပေါ်ကလို အသေးစိတ်နှင့် နှင့် Availability များ၊ အားသွင်း Keyboard စသည့် Redmond Power Cover များ အကြောင်း အသေးစိတ် အပြည့်အစုံ ဖတ်ရှု ရန်အောက်ကလင့် ကိုသွားကြည့်ရအောင်..

http://www.techmilo.tk/2013/09/september-23-microsoft-surface-2-tablet.html

အားလုံး Surface 2 Pro ကို ၀ယ်မိလိမ့်မယ် ထင်ပါတယ်။

0 မှတ်ချက်များ:

Post a Comment


ကျေးဇူးတင်ပါတယ်

Labels

 
TOP