Loading...
9/25/13

iPhone 5s ကို Bullet test, Water test, Toture test ပြုလုပ်ခြင်းနှင့် iPhone 5s နှင့် 5c Drop test ပြုလုပ်ခြင်း Video များ

iPhone 5S with a bullet wound
iPhone 5s ကို ပထမတစ်ချက် Bullet Test စမ်းပြီးစဉ်

လူအများစုကတော့ မိမိဖုန်းဝယ်ယူပြီးရင် အပွန်းအပဲ့ မခံအောင် နူးနူးညံ့ညံ့လေး ကိုင်ကြတယ်နော်...
ဒါပေမဲ့ တစ်ချို့ကျတော့ အဲ့လို မဟုတ်ဘူးဗျ။ ကိုယ်ရဲ့ဖုန်းကို ဂရုမစိုက်ပဲ ကြောက်စရာကောင်းလောက်အောင် စမ်းသပ်မှု တွေ ပြုလုပ်ကြတယ်ဗျ။ အဲလိုစမ်းသပ်မှု ထဲမှာ အများစုကတော့ Drop Test, Water Test ပဲ လုပ်ပြီးပဲ ဖုန်းကို နှိပ်စက်ကြပေမဲ့ကြပေမဲ့ Bullet test လုပ်တာတော့ မကြုံဖူးကြဖူးထင်ပါတယ်နော်။

အခုတော့ Apple ရဲ့ iPhone 5s လေးကို Bullet Test လုပ်တဲ့ သူ ပေါ်လာပါပြီဗျာ။ RatedRR ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကပါ။ iPhone 5s ကို Water Test လုပ်ပြသွားသလို Barrett M82A1 ရိုင်ဖယ်နဲ့ 50-caliber အမျိုးအစားကြည်ဆန်တောင့် ထည့်သွင်းပြီး Test လုပ်ပြသွားပါသေးတယ်။ ကဲ အားလုံးပဲ RateedRR တို့ရဲ့ Report လုပ်ခဲ့တဲ့ iPhone 5s Bullet Test Video ကို ကြည့်ကြည့်ရအောင်လားဗျာ။


Bullet Test စမ်းသပ်သည့် Video ကို ကြည့်ရန် ဒီနေရာကို နှိပ်ပေးပါဦးနော်


ကဲ Bullet Test လေးကို သဘောကျရဲ့လားဗျာ။ ကျွန်တော်ကတော့ နှမြောတယ်။ ကျွန်တော့ကို အလကားပေးလိုက်ရင် ပြီးရောကိုနှော။ :D
ကဲပါ။ Bullet Test အပြီး မှာ Android Authority ကနေပြီးတော့ iPhone 5s နဲ့ 5c Drop Test စမ်းတာလေးကို တင်ပေးလိုက်ပါတယ်။ ကဲ သေချာလေးကြည့်ကြည့်ကြပါဦး။ iPhone 5c ဘာဖြစ်သွားလဲဆိုတာ။




အဲ့ဒါပြီးတော့ လာပြန်ပါပြီ ItsAllonFilm ပါ။ ကစားကွင်းထဲမှာ 5s ကို အမျိုးမျိုး ညင်းပမ်းနှိပ်စက်ထားတဲ့ Report လေးပါ။ Video ကို အောက်မှာ ကြည့်ကြည့်ပါဦးဗျ။




ကဲအဲ့ဒါတွေပြီးတော့  နောက်ဆုံး Video File က Jeremiah Warren ရဲ့ 120fps မှာထားပြီးတော့ Slow Motion iPhone 5s ကို နှိပ်စက်ထားတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ Buttelest Test ကပဲ အကောင်းဆုံးလို့ထင်နေရင် ဒီ Videoလေးကို ကြည့်ကြည့်ပါဦး။ ဖုန်းညှင်းပန်းနှိပ်စက်မှု တွေထဲမှာ ဒီကောင်လေးက အလှအပဆုံးလို့ Comment ရထားတာပါ။ ကဲကြည့်ကြည့်ပါဦးနော်။



အားလုံးပဲ ဗဟုသုတ တိုးပွားကြပါစေ၊ ....

Writer : Steel Jelly [Miloboy Inc.]
Credit : http://www.share4mm.com/2013/09/iphone-5s-bullet-test-and-more-tests.html
Source : cNet

ကျွနှုပ်ရဲ့ စေတနာ, အချိန် နှင့် အပင်ပန်းခံမှု ဟာ သင့် အတွက် တစ်စုံတစ်ရာကျန်ခဲ့မယ်ဆို ကျွနှုပ်ပျော်ရွှင်ပါတယ်။ Steel Jelly [Miloboy Inc.]

အမြဲတမ်း IT News, Review တွေနဲ့ ပတ်သက်ပြီး Update တွေကို သိရအောင် ကို အမျိုးကောင်းသား ရဲ့ မိတ်ဆွေကြီး Tech Milo : Online Magazine ကို Like လုပ်ပေးပါဦးနော်..


0 မှတ်ချက်များ:

Post a Comment


ကျေးဇူးတင်ပါတယ်

Labels

 
TOP