Loading...
8/6/11

ဆံကေသာ တောက်ပြောင် သန်စွမ်းလှပအောင် ထိန်းသိမ်း နည်းများ

၁။ သံဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေနဲ့ အားဖြည့်ဆေးမှီဝဲပေးပါ။ သံဓာတ် ပေါကြွယ်ဝတဲ့ အစားအသောက်တွေက ဆံပင်သားကိုသာမက အရေပြားကိုပါ ကျန်းမာတောက်ပစေပါတယ်။
၂။ ဗီတာမင်အီးဟာ ဆံပင်သားကို ပိုးသားတွေလို နူးညံ့သန်စွမ်းစေပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ ဆံပင်သားလိမ်းဂျဲလ်၊ ရှမ်ပူနဲ့ ကွန်ဒီရှင်နာတို့ကို သုံးပါ။

၃။ ဆံပင်သားကို ပရိုတင်းဓာတ်နဲ့ ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းပေးတဲ့ ခေါင်းလျှော်ရည် (Protein-rich moisturizing Shampoo) နဲ့လျှော်ပါ။ ဆံပင်သားအမျိုးအစားပေါ်မူတည်ပြီး ခေါင်းလျှော်ရည် အမျိုးအစားပြောင်းသုံးပေးပါ။
၎။ ခေါင်းလျှော်တဲ့အခါ ဆံပင်ကို ကွန်ဒီရှင်နာသုံးပေးဖို့ မမေ့ပါနဲ့။
၅။ ခေါင်းလျှော်ပြီးချိန်တွေမှာ ဆံပင်လိမ်းဂျဲလ်၊ ဆံပင်လိမ်းခရင်မ် စတာတွေကို အသင့်အတင့်လိမ်းပေးပါ။ အများကြီး လိမ်းလိုက်ရင် ဆံပင်သားနွမ်းနယ်သွားစေပြီး ပြားကပ်သွားစေပါတယ်။ အများကြီး လိမ်းတာက ဆံပင်သားကို ပိုပြီးလည်း မတောက်ပစေပါဘူး။
၆။ သံပုရာရည်၊ ရှောက်ရည်ဟာ ဆံပင်သားကို ပိုးသားလို နူးညံ့နေအောင် အထောက်အပံ့ပြုနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ ဆံပင်သားအနှံ့ သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်လိမ်းပြီး မိနစ် ၂၀ ကြာထားပါ။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။
၇။ ခေါင်းမှန်မှန်ဖြီးပေးပါ။ ဒါပေမဲ့ အလွန်အကျွံ ခေါင်းဖြီးတာမျိုးကို ရှောင်ပါ။ ဆံပင်ကို အလွန်အကျွံ ဖြီးပါက ဆံပင်သား ကျိုးပဲ့ခြင်းနဲ့ ကျွတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်သားစိုစွတ်နေချိန်မှာ ခေါင်းမဖြီးသင့်ပါ။

ရေးသားသူ>>>> လင်းလက်ကြယ်စင်

0 မှတ်ချက်များ:

Post a Comment


ကျေးဇူးတင်ပါတယ်

Labels

 
TOP