ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။
ကီဝီသီးတဲ့
စင်ပေါ်မှာ ကြက်ဥတွေ ထင်ထားတယ်။ ပထမကြက်ဥက နောက်ဆုံးတစ်လုံးကို ကြည့်ပြီး.."ဟိုတစ်လုံးက အမွေးရှိတယ်.. ရွံစရာကြီး" ဒုတိယကြက်ဥကို ပြောပြတယ်။
ဒုတိယကြက်ဥက တတိယကြက်ဥကို ပြန်ပြောတယ်။
တတိယကြက်ဥက စတုတ္ထကြက်ဥကို ပြန်ပြောတယ်။
စတုတ္ထကြက်ဥက သူ့ဘေးက အမွေးရှိတဲ့ အလုံးကိုလှည့်ကြည့်တော့
"မင်း ဘာကြည့်တာလဲ.. အလုံးမှာအမွေးပေါက်တာ မမြင်ဖူးဘူးလားကွ.. မှတ်ထား.. ငါ့နာမည် ကီဝီသီးတဲ့"
မေမေ
ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။
AIDS
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
ရေးသားသူ>>>>>နိုင်းနိုင်းစနေ
0 မှတ်ချက်များ:
Post a Comment
ကျေးဇူးတင်ပါတယ်