အသက်ကြီးပေမယ့်
မပျက်စီးသေးပါ ခင်……
ရင်ခွင်မဲ့သူမို့
ကြင်တဲ့သူအစဉ်မှန်းရောဆ
နွမ်းလျဖြေမရွှင်
တကယ်တမ်း
ပျိုပျိုမေ အနုအလှ ကညာတစ်ပါးကိုဖြင့်
အနုသယသမုဒယ တဏှာတွေပွားကာလျှင်
ကြင်ကြင်နာနာနဲ့ချစ်မှာလား သစ်စာတွေထား
သက်ရွှယ်စစ်ပြန်တော့
“ခြောက်” “တစ်”ရယ်အကုန်တူရဲ့
ရှေ့နောက်မူ အစဉ်လွဲရုံပဲ
ကြည်ကြည်ဖြူဖြူ ရွှေလက်တွဲကြမယ်
(ချစ်သူရယ်)ရဲပါမလား….
လေးနှစ်လီရှစ်ဆိုပေမယ့်
ချစ်တာကိုတော့နားလည်ပါတယ်ကွာ
ကြင်နာတတ်သူမောင့်ကို
ဝေဒနာတွေနဲ့ထားခဲ့ပြီးလား
အချစ်ရယ်။
ကဗျာ အရမ်းကိုမိုက်တယ်.....
ReplyDeleteဟာသ ဆန်ဆန်မို့ထင်တယ်
ဖတ်ပြီးပြုံးသွားပါတယ်....
ဟိဟိ.. အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး.. ငှဲ ငှဲ ငှဲ.. :P
ReplyDelete