Loading...
8/2/11

အဖိုးအို အချစ်


အသက်ကြီးပေမယ့်
မပျက်စီးသေးပါ ခင်……
ရင်ခွင်မဲ့သူမို့
ကြင်တဲ့သူအစဉ်မှန်းရောဆ
နွမ်းလျဖြေမရွှင်
တကယ်တမ်း
လက်ကမ်းကာကြိုဆိုနေမယ့်
ပျိုပျိုမေ အနုအလှ ကညာတစ်ပါးကိုဖြင့်
အနုသယသမုဒယ တဏှာတွေပွားကာလျှင်
ကြင်ကြင်နာနာနဲ့ချစ်မှာလား သစ်စာတွေထား
သက်ရွှယ်စစ်ပြန်တော့
“ခြောက်” “တစ်”ရယ်အကုန်တူရဲ့
ရှေ့နောက်မူ အစဉ်လွဲရုံပဲ
ကြည်ကြည်ဖြူဖြူ ရွှေလက်တွဲကြမယ်
(ချစ်သူရယ်)ရဲပါမလား….
လေးနှစ်လီရှစ်ဆိုပေမယ့်
ချစ်တာကိုတော့နားလည်ပါတယ်ကွာ
ကြင်နာတတ်သူမောင့်ကို
ဝေဒနာတွေနဲ့ထားခဲ့ပြီးလား
အချစ်ရယ်။

2 မှတ်ချက်များ:

  1. ကဗျာ အရမ်းကိုမိုက်တယ်.....
    ဟာသ ဆန်ဆန်မို့ထင်တယ်
    ဖတ်ပြီးပြုံးသွားပါတယ်....

    ReplyDelete
  2. ဟိဟိ.. အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး.. ငှဲ ငှဲ ငှဲ.. :P

    ReplyDelete


ကျေးဇူးတင်ပါတယ်

Labels

 
TOP